ဖော်ပြထားသော အချက်အလက်များအရ တရုတ်နိုင်ငံ Hubeiတွင်နေထိုင်သော အသက်၃၁နှစ်အရွယ် အမျိုးသမီးဟာ အနီးအနားရှိကျေးရွာတစ်ခုတွင် နေထိုင်သူအမျိုးသားနှင့် မိဘတို့၏ တိုက်တွန်းမှုကြောင့် စေ့စပ်ခဲ့ရပါတယ်။
အမျိုးသမီးက မချစ်တဲ့လူကို မယူနိုင်တာကြောင့် လက်ထပ်ပွဲကိုဖျက်သိမ်းပေးရန် တောင်းဆိုသော်လည်း မိဘတွေက လက်မခံခဲ့ကြပေ။ထို့ကြောင့် အမျိုးသမီးဟာ နေအိမ်မှထွက်ပြေးလာခဲ့ပြီး အိမ်ခြေမဲ့ဘဝဖြင့် လေးနှစ်ကြာအောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီး၏မိဘတွေကလည်း သမီးလေးကို ပြန်လည်ရှာဖွေခဲ့ကြပြီး လေးနှစ်ကြာပြီးအချိန်မှ သင်္ချိုင်းတစ်ခု၏အနီးမှာ ပြန်တွေ့ခဲ့တာဟု သိရပါတယ်။မချစ်တဲ့သူနဲ့ လက်မထပ်ချင်တာကြောင့် အိမ်ခြေမဲ့ဘဝဖြင့်သာ ဖြတ်သန်းခဲ့တာဟာ အလွန်အံ့သြဖို့ကောင်းလွန်းလှပါတယ်။
Shoon (Cele Daily)
Zawgyi
မိဘတို့က သူမ မချစ်တဲ့သူနဲ့ လက်ထပ်ခိုင်းနေတာကြောင့် နေအိမ်မှထွက်ပြေးပြီး သင်္ချိုင်းတစ်ခုအနီးတွင် အိမ်ခြေမဲ့ဘဝဖြင့် လေးနှစ်ကြာအောင် နေထိုင်ခဲ့သည့် အမျိုးသမီး
Shoon (Cele Daily)