အရွယ်နှင့်မလိုက်အောင်ထူးချွန်လွန်းတာကြောင့် ၂၆နှစ်အရွယ်မှာဘဲ ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်လာခဲ့သော်လည်း ယာဥ်မတော်တဆဖြစ်ခဲ့ပြီးနောက် ဒူးထောက်ကာ တွားသွားနေရသည့် အမျိုးသား၏အဖြစ်

လူတစ်ယောက်က ကံကြမ္မာဟာအလွန်ထူးဆန်းလှသည်ဟု ပြောနေကြသော စကားတစ်ခွန်းကို လူငယ်တိုင်းက ကြားဖူးနေသော်လည်း အနက်အဓိပ္ပါယ်ကို သတိမထားမိဘဲရှိနေကြပါတယ်။

ဗီယက်နမ်နိုင်ငံ Dong Sonခရိုင် Van Doရွာတွင်နေထိုင်သော Hungဆိုသည့် လူငယ်လေးဟာ ကိုယ်တိုင်ကြိုးစားမှုတွေနဲ့အတူ ထူးချွန်ထက်မြက်မှုတို့ကြောင့် Hadaခရိုင် Pu lyမြို့ရှိ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ကုပ္မဏီတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အရာရှိတစ်ဦးဖြစ်လာခဲ့ပါတယ်။

သို့သော် ဆိုင်ကယ်စီးနေချိန်တွင် ထရပ်ကားတစ်စီးဖြင့် မတော်တဆဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အမျိုးသားဟာ ဆိုးရွားလှသော အခြေအနေတစ်ခုသို့ရောက်ရှိသွားခဲ့ပါတယ်။လမ်းမလျှောက်နိုင်ဘဲ ဒူးထောက်ကာတွားသွားရင် ဘဝအတွက် ခက်ခဲစွာရှင်သန်နေခဲ့ရတော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment