ကလေးငယ်တစ်ယောက်အနေဖြင့် လမ်းမပေါ်တွေပေါ်မှာ လျှောက်သွားပြီး ကြီးပြင်းလာရန်မှာ အနာဂတ်အတွက် လုံးဝမသင့်တော်တာဖြစ်ပါတယ်။ထို့အပြင်သမီးမိန်းကလေးသာဆိုလျှင် ကလေးငယ်တစ်ဦးဖြစ်သော်လည်း လမ်းမပေါ်တွင် ကြီးပြင်းလာရသည်မှာ ကောင်းမွန်သော အခြေအနေတစ်ခုတော့ မဟုတ်ပေ။
သို့သော် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တွင် ဖခင်ဖြစ်သူတစ်ဦးသည် အသက်၃နှစ်ပင်မပြည့်သေးသည့် သမီးငယ်လေးကို လမ်းမတွေပေါ်မှာ ခေါ်သွားကာ စီးပွားရှာရင်း အသက်ရှင်နေရတာဖြစ်ပါတယ်။သမီးလေးအတွက် အားကိုးစရာမိခင်ပင်မရှိတော့တာကြောင့် ဖခင်ဖြစ်သူက ပူဖောင်းလေးတွေရောင်းချရသည့်အချိန်မျိုးတွင် သမီးငယ်လေးကိုလဲ ခေါ်သွားခဲ့တာဖြစ်ပါတယ်။
ကြမ်းတမ်းလှသော လမ်းတွေပေါ်မှာ ဖခင်နှင့်အတူရုန်းကန်နေရရှာသော သမီးလေး၏အဖြစ်ဟာ သနားစရာကောင်းလှပါတယ်။
Shoon (Cele Daily)
Zawgyi
သမီးလေးကို ပြုစုပေးမည့်မိခင်မရှိတော့တာကြောင့် လမ်းမပေါ်မှာလျှောက်သွားရင်း ပူဖောင်းရောင်းနေရချိန်တွေမှာ သမီးငယ်လေးကိုလည်း ခေါ်ဆောင်သွားပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းနေရသည့် သားအဖနှစ်ယောက်၏အဖြစ်
Shoon (Cele Daily)