မင်္ဂလာလက်စွပ်ဆိုသည်မှာချစ်ခြင်းမေတ္တာ၏ မြင့်မြတ်သောသင်္ကေတအမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။ထို့ကြောင့်လည်းစုံတွဲလင်မယားတိုင်းသည်သူတို့၏မင်္ဂလာလက်စွပ်လေးကိုအရာရာထက်ပိုပြီးတန်ဖိုးထားကြခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံHeilongjiangပြည်နယ် Harbinတွင်ဖြစ်ပျက်ခဲ့သော မင်္ဂလာလက်စွပ်နှင့်ပတ်သတ်သည့်အကြောင်းအရာလေးကိုဖော်ပြပေးထားတာဖြစ်ပါတယ်။နေအိမ်တစ်ခုမှချွေးမလေးဟာ အိမ်အလုပ်တွေလုပ်ရင်း မီးဖိုချောင်စားပွဲပေါ်တွင်တင်ထားမိခဲ့ပါတယ်။ထိုအခါယောက္ခမဖြစ်သူကသတိမထားမိဘဲအမှိုက်သိမ်းစဥ်ပါသွားခဲ့သည့်အပြင် အမှိုက်ထုပ်ဟာလည်းအမှိုက်ကားပေါ်ပါသွားခဲ့ပါတယ်။
ထို့ကြောင့် ယောက္ခမဖြစ်သူဟာ အမှိုက်ကားကိုအမှီလိုက်ပြီး ကားထဲကအမှိုက်တွေကိုဝမ်၂၀၀၀ဖြင့်ဝယ်ယူပြီး လက်စွပ်ကိုတွေ့အောင်ပြန်ရှာခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ချွေးမကမင်္ဂလာလက်စွပ်လေးကိုစားပွဲပေါ်တင်ထားစဉ် ယောက္ခမကသတိမထားမိဘဲအမှိုက်ပုံးထဲလွှင့်ပစ်မိလို့ အမှိုက်ကားကိုဝယ်ယူပြီး လက်စွပ်ကိုတွေ့အောင်ပြန်ရှာပေးခဲ့သည့်ယောက္ခမ
Shoon (Cele Daily)