မင်္ဂလာဆောင်သည့်နေ၌ပင် အေးဆေးအနားမယူဘဲ မင်္ဂလာပွဲကျင်းပနေရင်း တပည့်တွေကို လိုင်းပေါ်မှတစ်ဆင့် သင်ကြားပေးခဲ့သေးသည့် ဆရာမတစ်ဦး

ဆရာဆရာမတို့သည် သားသမီးတို့၏အနာဂတ်တောက်ပလာစေရန် အဓိကလမ်းညွှန်ပေးနေသူများဖြစ်ကြပါတယ်။တပည့်တို့ဟာ ဆရာဆရာမတို့၏ဆုံးမ သွန်သင်မှုတို့ကို နာခံရင်း ကောင်းသည့်အချက်များကို အတုယူကာကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။

ယခုတွင်လည်း လွန်ခဲ့သောရက်ပိုင်းက မင်္ဂလာဆောင်ခဲ့သော တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ဆရာမတစ်ဦး၏ တပည့်များမပေါ်စေတနာထားပုံဟာ လူအများ၏ချီးကျူးစရာဖြစ်နေခဲ့ပါတယ်။ထိုဆရာမလေးဟာ သူမ၏ဘဝတစ်ခုလုံးကို အမှတ်ရစေမည့်မင်္ဂလာပွဲလေးဖြစ်သော်လည်း တပည့်လေးများကို သင်ကြားပေးရမည့်အချိန်ပိုတော့ အပျက်မခံခဲ့တာဖြစ်ပါတယ်။

ဆရာမဟာ မင်္ဂလာပွဲကျင်းပနေသည့်ကြားမှ သူမ၏စာသင်ချိန်ရောက်လာသောအခါ လက်တော့လေးကိုဖွင့်ပြီး ဧည့်ခံစားပွဲဝိုင်း၌ပင် တပည့်လေးများကို သင်ကြားပို့ချနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment