တစ်ခါတစ်ရံတွင် အလုပ်သို့မဟုတ် အခြားသောအကြောင်းပြချက်တစ်ခုခုကြောင့် မိဘများသည် သားသမီးတို့၏ အနီးတွင်မနေနိုင်ဘဲ ဖြစ်နေကြရပါတယ်။ထိုအခြေအနေမျိုးတွင် သားသမီးတို့ကို အဖိုးအဖွားများနှင့်ထားခဲ့ရပြီး ကြီးပြင်းလာစေခဲ့ပါတယ်။သားသမီးငယ်လေးတို့က မိဘမေတ္တာကို လွမ်းဆွတ်နေကြရပါတယ်။
ယခုတွင်လည်း အသက်၇နှစ်အရွယ်သားငယ်လေးသည် ကျောင်းပြန်သည့်အချိန်တိုင်း အဖွားဖြစ်သူကသာ လာကြိုပေးနေတာဖြစ်ပါတယ်။တစ်နေ့တွင် နိုင်ငံခြားမှာ အလုပ်လုပ်နေသည့်မိခင်က ကျောင်းလာကြိုပေးတာကို တွေ့လိုက်ရသောအခါ အလွန်ပျော်ရွင်ပြီး ကဆုန်ပေါက်ပြေးသွားကာ မိခင်ဆီအရောက်ပြေးခဲ့ပါတော့တယ်။
နှစ်ပေါင်းများစွာခွဲခွာနေရပြီး တ်စခါမှကျောင်းလာမကြိုဖူးသည့် မိခင်က လာကြိုတာကိုမြင်လိုက်ရချိန်တွင် ကလေးငယ်အနေဖြင့် အလွန်ပျော်ရွင်နေခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသော မိခင်ဖြစ်သူက ကျောင်းလာကြိုတာကိုတွေ့လိုက်ရသောအခါ အလွန်ပျော်ရွင်ကာ ကခုန်ပြေးလွှားရင်း မိခင်ဆီအရောက်သွားခဲ့သည့် သားငယ်လေး
Shoon (Cele Daily)