ဆေးရုံက ဆင်းခွင့်ရပြီဖြစ်သော်လည်း သားသမီးတွေကို ဒုက္ခမပေးချင်လို့ အိမ်ပြန်ရန်ငြင်းဆိုနေသည့်မိခင်ဖြစ်သူကို အိမ်ပြန်လိုက်ရန်အတွက် ငိုယိုပြီးတောင်းပန်နေခဲ့သည့် သားကြီး

မိခင်တို့သည် သားသမီးတိုင်းအတွက် အနွေးထွေးဆုံးသော မေတ္တာတရားတွေကို မကုန်ခမ်းနိုင်အောင် ပေးစွမ်းသူများဖြစ်ကြပါတယ်။သားသမီးတို့ဒုက္ခရောက်နေချိန်တွင် မိဘတို့သည် ကူညီပေးနိုင်ရန် အဆင်သင့်ရှိကြသော်လည်း မိဘတို့ဒုက္ခရောက်ချိန်မှာတော့ သားသမီးတို့ကို အသိမပေးဘဲ ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ကြိုးစားကြတာဖြစ်ပါတယ်။

ယခုတွင်လည်း အမေအိုတစ်ဦးသည် အသက်အရွယ်ကြောင့် ကျန်းမားခြင်းမရှိတော့သည့်အခါ ဆေးရုံတွင် ကုသမှုခံယူနေရတာဖြစ်ပါတယ်။ထို့နောက် ရောဂါအနည်းငယ်သက်သာလာပြီး ဆေးရုံဆင်းခွင့်ရသောအခါ သူမကို ပြုစုနေရသော သားသမီးတွေကို ဒုက္ခမပေးချင်တော့တာကြောင့် အိမ်ပြန်မလိုက်နိုင်တော့ကြောင်း ပြောဆိုနေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် သားဖြစ်သူကလည်း မိခင်ကိုအိမ်ပြန်လိုက်ခဲ့ရန် ငိုယိုပြီး တောင်းပန်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment