အသက်၂နှစ်အရွယ်သာရှိသေးသော်လည်း မိခင်ဖြစ်သူကို အဝတ်လျှော်တာအပြင် ကြမ်းတိုက်တာတွေကိုပါ ကူညီတတ်နေပြီဖြစ်တာကြောင့် နာမည်ကြီးလာသည့် အလွန်လိမ္မာလှသည့် ကလေးငယ်

စာဖတ်သူတို့အနေဖြင့်ရော အသက်၂နှစ်အရွယ်တွင် ဘာတွေလုပ်နေလဲဆိုတာကို မှတ်မိကြသေးရဲ့လား။ပုံမှန်အားဖြင့်တော့ နေအိမ်တွင် ဆော့ကစားလိုက် ငိုယိုလိုက်ဖြင့်သာ အချိန်ကုန်နေကြမှာသေချာပါတယ်။

တရုတ်နိုင်ငံ ရှန်းဟိုင်းမြို့မှ Rou Rouဟုခေါ်သော အသက်၂နှစ်အရွယ် သားလေး၏ လိမ္မာရေးခြားရှိလှသော သိတတ်မှုသည် လူတိုင်း၏နှလုံးသားကို ကြွေကျစေခဲ့ပါတယ်။သားသားလေးဟာ အဝတ်အစားတွေကို ဖြူစင်သွားအောင် ကိုယ်တိုင်လျှော်ဖွတ်တတ်နေသည့်အပြင် ကြမ်းတိုက်ခြင်း အိမ်သာရေဆေးခြင်းတို့ကိုပါ လုပ်ကိုင်တတ်နေပြီဖြစ်ပါတယ်။

သားငယ်လေး၏ ရင့်ကျက်တည်ငြိမ်ပုံနှင့် ချစ်စဖွယ်ကောင်းသည့် ပုံစံလေးကြောင့်လည်း လူတိုင်းကအချစ်ပိုလာခဲ့ရပါတယ်။ကလေး၏အလုပ်လုပ်နေသည့် ဗီဒီယိုလေးတွေကို မိခင်ဖြစ်သူက တင်ပေးခဲ့ရာမှ မြင်တွေ့သူတိုင်းက တသည်းတယားယားဖြင့် တွေ့ချင်လောက်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment