မိသားစုတစ်ခုတွင် ငွေကြေးနှင့်ပတ်သတ်လာပါက အလွန်ကပ်စေနဲပြီး မသုံးမစွဲဘဲ စုဆောင်းထားတတ်သည့် မောင်နှမတစ်ယောက်ကို ရှိကိုရှိနေတတ်ပါတယ်။တစ်ခါတစ်လေ ပိုက်ဆံအခက်အခဲဖြစ်ချိန်တွင် ပိုက်ဆံစုထားတဲ့သူဆီကနေ အသနားခံပြီး ချေးယူရသည့်အချိန်မျိုးလည်း ရှိတတ်ကြမယ်ထင်ပါတယ်။
ယခုတွင်လည်း တရုတ်နိုင်ငံတွင် မိခင်ဖြစ်သူတစ်ဦးသည် အိမ်လခပေးရမည့်နေ့တွင် ပိုက်ဆံလက်ထဲမရှိတာကြောင့် ဒုက္ခရောက်နေခဲ့ရတာဖြစ်ပါတယ်။ထိုအခါမှာတော့ ၁၄နှစ်အရွယ်သမီးဖြစ်သူက သူမတွင်စုထားသည့် မုန့်ဖိုးလေးတွေရှိသည့်အတွက် ပေးမည့်အကြောင်းဆိုလာခဲ့တာဖြစ်ပါတယ်။
ထို့နောက်မှာတော့ သူမစုဆောင်းထားသည့် မုန့်ဖိုးငွေယွမ်၁၇၀၀၀အထိပင်ရှိနေတာကြောင့် မိခင်က အံ့အားသင့်သွားခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
အိမ်ငှားခပေးရန်အတွက် ပိုက်ဆံမရှိသည့်မိခင်ကို သူမ ရတဲ့မုန့်ဖိုးလေးတွေကို စုထားသည့် ပိုက်ဆံယွမ်၁၇၀၀၀ကို မိခင်အားပေးခဲ့သည့် ၁၄နှစ်အရွယ်သမီးငယ်လေး
Shoon (Cele Daily)