ရိုးရာဝတ်စုံဝတ်ပြီးမင်္ဂလာဆောင်ရမည်ဖြစ်သော်လည်း လူငယ်လေးတစ်ယောက်လို အဖြူရောင်သတိုးသမီးဝတ်စုံလေးကိုလည်း ဝတ်ဆင်ပြီး ၃၇နှစ်အရွယ်လူပျိုကြီးကို လက်ထပ်ခဲ့သည့် ၇၃နှစ်အရွယ် အဖွားအို

ယနေ့ခေတ်တွင် အချစ်ဆိုတာဟာ ကန့်သတ်ချက်တွေမရှိတော့ဘဲ ချစ်သူစုံတွဲတွေဟာ ဘဝတစ်ခုကို လွတ်လပ်စွာဖြင့် တည်ဆောက်နိုင်ကြပြီဖြစ်ပါတယ်။သို့သော့်လည်း အသက်အရွယ်ကွာခြားလှသော စုံတွဲတွေကိုတော့ လူအများက ဝေဖန်ချင်နေကြဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ မင်္ဂလာပွဲတစ်ခု၏အသက်အရွယ် ကွာခြားမှုကြောင့် လူအများက စိတ်ဝင်စားခဲ့ကြသည့်အပြင် သတိုးသမီး၏ အသက်အရွယ်နှင့် ဝတ်ဆင်ခဲ့သည့် ဝတ်စုံကြောင့် လူအများကို ပိုမိုပြီးစွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သတိုးသမီးဟာ အသက်၇၃နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း အသက်၃၉နှစ်အရွယ် သတိုးသားနှင့် မင်္ဂလာဆောင်ရာတွင် ထိုင်းရိုးရာဝတ်စုံဝတ်ပြီး မင်္ဂလာဆောင်ဧည့်ခံခဲ့သည့်အပြင် အရမ်းဝတ်ချင်နေသည့် အဖြူရောင် သတိုးသမီးဝတ်စုံလေးကို ဝတ်ဆင်ခဲ့ပါသေးတယ်။ထိုသို့ အသက်အရွယ်နှင့် အဖြူရောင်ဂါဝန်ဝတ်စုံလေးကြောင့် လူအများက မင်္ဂလာပွဲလေးကို စိတိဝင်စားမှုပိုမိုမြင့်တက်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment