လွန်ခဲ့သောရက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၏ Ho Guom လမ်းမပေါ်တွင် လူငယ်လေးတစ်ဦးဟာ သူအရမ်းချစ်ခင်ရသောကောင်မလေးကို လက်ထပ်ခွင့်တောင်းရန်ကြိုးစားခဲ့တာဖြစ်ပါတယ်။
အများဖြင့်စည်ကားနေသော လမ်းမကြီးထက်တွင် အားလုံးကိုသက်သေထားပြီး အရမ်းချစ်ရသည့်ကောင်မလေးကို ပိုက်ဆံပန်းစီးလေးဖန်တီးပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သို့သော် ကောင်မလေးကတော့ လက်ထပ်ခွင့်လာတောင်းသော ကောင်လေးကိုတွေ့လိုက်ရသည်နှင့် စိတ်ပျက်သည့်မျက်နှာမျိုးဖြစ်သွားခဲ့ပါတော့တယ်။
ထို့နောက် ကောင်လေးကို လက်မခံနိုင်ဘူးလို့ဆိုထားတာကို ဘာကြောင့်ကြိုးစားနေရတာလဲဟု ပြောဆိုပြီး နေရာကနေထွက်သွားခဲ့ပါတယ်။လူငယ်လေးကတော့ လူအများကြားထဲမှာ ဝမ်းနည်းစွာဖြင့် ကျန်နေခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
လမ်းသွားလမ်းလာလူများနှင့် အလွန်ရှုပ်ထွေးနေသော လမ်းမအလယ်တွင် ပိုက်ဆံပန်းစီးလေးဖြင့် ကောင်မလေးကို လက်ထပ်ခွင့်တောင်းခံခဲ့သော်လည်း အငြင်းခံခဲ့ရသည့်လူငယ်လေး
Shoon (Cele Daily)