သေဆုံးသွားသည့် သခင်ဖြစ်သူကို တွေ့ချင်လွန်းတာကြောင့် ခေါင်းတလားကိုဇွတ်တိုးဝေ့ပြီး သခင်ကိုတွေ့နိုင်ရန် အနားကလူတွေကို အကူအညီတောင်းနေရှာသည့် ခွေးကလေး
ကမ္ဘာပေါ်မှာ သစ္စာအရှိဆုံးသော တိရိစ္ဆာန်လေးတွေဟာ ခွေးကလေးများသာဖြစ်ပါတယ်။ခွေးကလေးတို့သည် သူတို့ကို ထမင်းတစ်နပ်ကျွေးဖူးသော သခင်ဖြစ်သူအပေါ်တွင် ကျေးဇူးမကန်းဘဲ တစ်သက်လုံးအထိကို အသက်ပေးပြီး စောင့်ရှောက်တတ်ကြတာဖြစ်ပါတယ်။
ထို့ကြောင့်လည်း နေအိမ်အများစုတို့တွင် ခွေးကလေးတွေကို သားသမီးတစ်ယောက်လို မွေးမြူထားတတ်ကြတာဖြစ်ပါတယ်။ယခုတွင်လည်း မက္ကစီကိုနိုင်ငံ Chihuahuaပြည်နယ်မှ Zeusလို့ အမည်ပေးထားသည့် ခွေးကလေးတစ်ကောင်၏ သခင်ဖြစ်သူအပေါ်တွင် သစ္စာရှိခဲ့ပုံဟာ မြင်တွေ့သူများအဖို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
သခင်ဖြစ်သူသေဆုံးသွားခဲ့တာကြောင့် စျာပနာပွဲတွင် ခေါင်းတလားထဲက သခင်ကို တွေ့ချင်နေခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ခေါင်းတလားကို တိုးဝေ့နေခဲ့ပြီး အနားကလူတွေကိုလည်း အကူအညီတောင်းကာ သခင်ဖြစ်သူကို တွေ့နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment