ယနေ့ခေတ်တွင် ကမ္ဘာကြီးက ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားတို့၏ဘဝဟာလည်း ပိုမိုခက်ခဲလာခဲ့တာဖြစ်ပါတယ်။ထိုကြောင့် မိဘမဲ့ကလေးအရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှ Ai Hong Samဆိုသည့် အမျိုးသမီးဟာ ဆရာဝန်ဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။
ထို့နောက် မိဘမဲ့ကလေးတို့၏ဘဝကို စာနာသနားမိခဲ့ပြီး အမေရိကန်မှ မိဘမဲ့ကလေး၈ဦးကို မွေးစားခဲ့ပါတယ်။
မွေးရပ်မြေမှ မိဘမဲ့ကလေးများကိုလည်း သနားကြင်နာမှုစွာဖြင့် နေအိမ်နှင့်ငွေကြေးတွေကိုထောက်ပံ့ပေးခဲ့ပြီး မိဘမဲ့ကလေးငယ်၃၀၀ ကျော်အထိကို မွေးစားထားခဲ့ပြီး ပြုစုစောင့်ရှောင့်ပေးနေခဲ့တယ်ဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
အသက်၃၂နှစ်အရွယ်သာရှိသေးသော်လည်း မိဘမဲ့ကလေးပေါင်း ၃၀၀ ကျော်ကို မွေးစားခဲ့ပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည့် စေတနာရှင်ဆရာဝန်မလေး
Shoon (Cele Daily)