ခန္ဓာကိုယ်အောက်ပိုင်းလေဖြတ်ပြီး လမ်းမလျှောက်နိုင်တော့သည့် ဖခင်ဖြစ်သူကို သွားချင်သည့်နေရာတိုင်းသို့ မနိုင်မနင်းဖြင့် ကျောပိုးပြီးလိုက်ပို့ပေးနေခဲ့သည့် သမီးလိမ္မာလေး

မိဘတို့၏ကျေးဇူးတရားအကြောင်းကို ကမ္ဘာကျော်စာဆိုကြီးများပင် ရေးဖွဲ့၍မှီနိုင်လိမ့်မည်မဟုတ်ပေ။မိဘတို့၏ ကျေးဇူးတရားက အလွန်ကြီးမာလှသော်လည်း သားသမီးတိုင်းကတော့ မိဘတို့၏ကျေးဇူးကို သိတတ်ကြခြင်းမရှိပေ။

ဗီယက်နမ်နိုင်ငံမှ သမီးမိန်းမပျိုးလေးတစ်ဦး၏ ဖခင်အပေါ်တွင် ကျေးဇူးတရားသိတတ်စွာဖြင့် ပြုစုစောင့်ရှောက်နေပုံတွေဟာ လူတိုင်းအတွက် လေးစားစရာတစ်ခုပင်ဖြစ်ပါတယ်။ကောင်မလေး၏ဖခင်ဖြစ်သူဟာ သူမအသက်၁၃နှစ်အရွယ်တည်းက အောက်ပိုင်းတွေသေဆုံးသွားခဲ့ပြီး မလှုပ်ရှားနိုင်တော့တာဟုသိရပါတယ်။

ထိုကြောင့် သမီးဖြစ်သူဟာ ဖခင်သွားချင်သည့် နေရာတိုင်းသို့ ကျေားပိုးပြီး လိုက်ပို့ပေးနေတတ်တာဖြစ်ပါတယ်။ဖခင်၏ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ပွေ့ချီနိုင်ခြင်းမရှိသော်လည်း နိုင်အောင်သယ်ပြီး လိုက်ပို့ပေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment