မိဘများသည် မိမိတို့၏သားသမီးများအတွက် အရာရာကိုအနစ်နာခံပြီး မည်သို့သော ခက်ခဲကြမ်းတမ်းသောအခြေအနေမျိုးသို့ရောက်ရှိနေပါစေ သားသမီးတို့ကို ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးချင်ကြတာဖြစ်ပါတယ်။
ယခုတွင်လည်း မိခင်ဖြစ်သူဟာ ညတိုင်းအမှိုက်ထွက်ကောက်ပြီး သားလေးကို ဘွဲ့ရသည်အထိထောက်ပံ့နိုင်အောင် ဝင်ငွေရှာပေးခဲ့တာဖြစ်ပါတယ်။သားဖြစ်သူကလည်း ပင်ပန်းဆင်းရဲလှသော မိသားစုအခြေအနေကို မမေ့ခဲ့ဘဲ ဘွဲ့ရပြီးသည်နှင့် အလုပ်တစ်ခုလုပ်ပြီး ပထမဆုံးရရှိခဲ့သည့် လစာငွေလေးဖြင့် ဘဝမှာတစ်ခါမှမစားဖူးသေးသည့် ပင်လယ်စားဆိုင်ကြီးတွင် မိခင်ဖြစ်သူကို ကျွေးမွေးပြုစုခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူဟာ ပင်လယ်စာတွေကို စားသောက်ရန်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့တယ်ဟုသိရပါတယ်။
Shoon (Cele Daily)
Zawgyi
အမှိုက်ကောက်ပြီး ကျောင်းထားပေးခဲ့သည့်မိခင်ကို ဘွဲ့ရပြီး အလုပ်လုပ်လို့ ပထမဆုံးရသည့် လစာငွေ လေးဖြင့် မိခင်ဖြစ်သူတစ်ခါမှမရောက်ဖူးသေးသည့် ပင်လယ်စာ စားသောက်ဆိုင်သို့ ခေါ်ကျွေးခဲ့သည့် သားလိမ္မာ
Shoon (Cele Daily)