နေစရာအိမ်လေးတစ်လုံးပင် မရှိတာကြောင့် အန္တရာယ်များလှသော မြစ်ကူးတံတား၏အောက်တွင် ခွေးလေးနှစ်ကောင်နှင့်အတူ သွားရောက်နေထိုင်ခဲ့ရသည့် ဖိုးဖိုးနှင့်ဖွားဖွား

ဘဝ၏ခက်ခဲကြမ်းတမ်းလှသော အခြေအနေတွေကို ကျန်းမာသန်စွမ်းလှသော လူငယ်တစ်ယောက်အနေဖြင့် ရင်ဆိုင်နိုင်သော်လည်း အသက်အရွယ်ကြီးရင့်လာချိန်မှာတော့ လောကဓံတရားကို ရင်ဆိုင်နိုင်ရန် ကျန်းမာသန်စွမ်းသော ခွန်အားမျိုး ရှိမနေတော့ပေ။

ထိုင်းနိုင်ငံ Samut Prakanခရိုင်တွင် အဖိုးအဖွားတို့နှစ်ဦးသည် ခွေးလေးနှစ်ကောင်နှင့်အတူ တံတားအောက်မှာ အသက်အန္တာရယ်များလှသော်လည်း လာရောက်နေထိုင်ကြတာကို လူတိုင်းသတိထားမိခဲ့ပါတယ်။

နေစရာနေရာမရှိတာကြောင့် ပိုးမွှား၊ခြင်နှင့် အခြားသော တိရိစ္ဆာန်တို့၏ အန္တရာယ်များကို ကြောက်လန့်ရသော်လည်း ညတိုင်းကို ထိတ်လန့်စွာဖြင့် အိပ်စက်နေရတယ်ဟု သိရပါတယ်။ညအချိန်တွေမှာ မီးရောင်မရှိဘဲ မှောင်မဲနေသော ​ပတ်ဝန်းကျင်ကြီးတွင် ကြောက်လန့်မှုတွေဖြင့် စိုးရိမ်ကြီးစွာ အသက်ရှင်နေထိုင်နေရတယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi

ေနစရာအိမ္ေလးတစ္လုံးပင္ မရွိတာေၾကာင့္ အႏၲရာယ္မ်ားလွေသာ ျမစ္ကူးတံတား၏ေအာက္တြင္ ေခြးေလးႏွစ္ေကာင္ႏွင့္အတူ သြားေရာက္ေနထိုင္ခဲ့ရသည့္ ဖိုးဖိုးႏွင့္ဖြားဖြား

ဘဝ၏ခက္ခဲၾကမ္းတမ္းလွေသာ အေျခအေနေတြကို က်န္းမာသန္စြမ္းလွေသာ လူငယ္တစ္ေယာက္အေနျဖင့္ ရင္ဆိုင္ႏိုင္ေသာ္လည္း အသက္အ႐ြယ္ႀကီးရင့္လာခ်ိန္မွာေတာ့ ေလာကဓံတရားကို ရင္ဆိုင္ႏိုင္ရန္ က်န္းမာသန္စြမ္းေသာ ခြန္အားမ်ိဳး ရွိမေနေတာ့ေပ။

ထိုင္းႏိုင္ငံ Samut Prakanခ႐ိုင္တြင္ အဖိုးအဖြားတို႔ႏွစ္ဦးသည္ ေခြးေလးႏွစ္ေကာင္ႏွင့္အတူ တံတားေအာက္မွာ အသက္အႏၲာရယ္မ်ားလွေသာ္လည္း လာေရာက္ေနထိုင္ၾကတာကို လူတိုင္းသတိထားမိခဲ့ပါတယ္။

ေနစရာေနရာမရွိတာေၾကာင့္ ပိုးမႊား၊ျခင္ႏွင့္ အျခားေသာ တိရိစာၦန္တို႔၏ အႏၲရာယ္မ်ားကို ေၾကာက္လန္႔ရေသာ္လည္း ညတိုင္းကို ထိတ္လန္႔စြာျဖင့္ အိပ္စက္ေနရတယ္ဟု သိရပါတယ္။ညအခ်ိန္ေတြမွာ မီးေရာင္မရွိဘဲ ေမွာင္မဲေနေသာ ​ပတ္ဝန္းက်င္ႀကီးတြင္ ေၾကာက္လန္႔မႈေတြျဖင့္ စိုးရိမ္ႀကီးစြာ အသက္ရွင္ေနထိုင္ေနရတယ္ဟုသိရပါတယ္။

Shoon (Cele Daily)

  • Leave a Comment