အလှပြင်ဆိုင်တစ်ခုတွင် ဆံပင်ညှပ်နေတုန်း သူ၏ချစ်သူကောင်လေးက အခြားကောင်မလေးတစ်ယောက်ကို ဆံပင်ညှပ်ပေးဖို့ ရောက်လာတာကို တွေ့လိုက်ရသဖြင့် ရန်ဖြစ်စကားများကုန်လို့ လူအများက ဝိုင်းဆွဲခဲ့ရ

ချစ်သူစုံတွဲနှစ်ဦးတွင် သစ္စာတရားကို မစောင့်ထိန်းနိုင်ပါက အလွန်စိတ်ပျက်ဖွယ်ကောင်းသော အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် အလှပြင်ဆိုင်တွင် ဆံပင်ညှပ်ရန်အတွက် တစ်ယောက်တည်းသွားခဲ့တာဟုသိရပါတယ်။

သူမဆံပင်ညှပ်နေစဥ်တွင် ချစ်သူကောင်လေးကလည်း သူ၏နောက်ထပ်ကောင်မလေးတစ်ယောက်ကို အလှပြင်ပေးရန် ဆိုင်သို့တိုက်ဆိုင်စွာဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

ထိုအခါမှ သူ့ရည်းစားငါ့ရည်းစားဆိုပြီး အပြိုင်လုကာ ငြင်းခုန်ကြရင်းမှ ကောင်မလေးနှစ်ယောက်က နပမ်းလုံးမလိုအထိပါ ဖြစ်လာခဲ့တာကြောင့် ဆိုင်မှာရှိသော အခြားလူများက ဝိုင်းဆွဲထားခဲ့ကြတာဟု သိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment