မွေးရာပါ လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ဖက်လုံးချို့ယွင်းနေသူဖြစ်သော်လည်း မိခင်ဖြစ်သူကို အိမ်မှုကိစ္စတွေအကုန် ကူလုပ်ပေးပြီး အားကိုးရသည့် သမီးလေးတစ်ယောက်ဖြစ်အောင် ကြိုးစားနေခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်

လူတိုင်းကတော့ လူ့ဘဝကိုရောက်ရှိလာသည်နှင့် အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်သော်လည်း အချို့လူများက ခန္ဓာက်ိုယ်ချို့ယွင်းမှုကြောင့် သာမန်လူတွေထက် များစွာခက်ခဲ့သော အခြေအနေမျိုးကို ကြုံတွေ့ရနိုင်တာဖြစ်ပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ Cu Chiဆိုသည့် အသက်၁၅နှစ်အရွယ် ၉တန်းကျောင်းသူလေးဟာ မွေးရာပါ အားနည်ချက်တွေကြောင့် လက်နှစ်ဖက်မရှိသည့်အပြင် ခြေထောက်တွေဟာလည်း မသန်စွမ်းသူတစ်ယောက်ဖြစ်ပါတယ်။

ခန္ဓာကိုယ်၏ အလုပ်လုပ်နိုင်သော အစိတ်အပိုင်းများက မသန်စွမ်းတာကြောင့် အရာရာတွင် ခက်ခဲနေခဲ့သော်လည်း ကောင်မလေးက အိမ်မှုကိစ္စများကို အပြည့်အဝတာဝန်ယူနိုင်နေပြီဖြစ်ပါတယ်။မိခင်၏ ချက်ရေးပြုတ်ရေးတာဝန်တွေကို လွဲယူပြီး မိသားစုအတွက် အားကိုးရသည့် သမီးလိမ္မာလေးဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi


လူတိုင်းကတော့ လူ့ဘဝကိုရောက်ရှိလာသည်နှင့် အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်သော်လည်း အချို့လူများက ခန္ဓာကိုယ်ချို့ယွင်းမှုကြောင့် သာမန်လူတွေထက် များစွာခက်ခဲ့သော အခြေအနေမျိုးကို ကြုံတွေ့ရနိုင်တာဖြစ်ပါတယ်။



Shoon (Cele Daily)

  • Leave a Comment