ကားအသစ်စက်စက်ကြီးကို ဝယ်ယူလာခဲ့ပြီး သမီးဖြစ်သူကို ယုံကြည်စွာဖြင့် ပေးမောင်းခဲ့ရာမှ ရပ်ထားသည့် ဆိုင်ကယ်တွေကို ဝင်တိုက်ခဲ့လို့ ကား၂စီးစာလောက် ပြန်လျှော်ခဲ့ရသည့်အဖြစ်

လူသားတို့အတွက် ဇိမ်ခံပစ္စည်းများကို ဝယ်ယူပိုင်ဆိုင်နိုင်ခြင်းသည် ဘဝ၏ပျော်ရွင်ဖွယ်ရာအခိုက်အတန့်တစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှ ကားအသစ်ကြီးကို ဝယ်ယူကာ ပျော်ရွင်နေခဲ့ရသော်လည်း အိမ်မရောက်ခင်မှာဘဲ အလွန်ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ရပါတယ်။

အကြောင်းကတော့ မိသားစုတစ်ခုဟာ Tata Nexon SUVအမျိုးအစားကားသစ်ကြီးကို ဝယ်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။သို့သော် အိမ်ပြန်ရောက်၍ တိုက်ခန်းအိမ်ရာသို့ ဝင်ရောက်ချိန်တွင် သမီးဖြစ်သူကို မောင်းခိုင်းမိခဲ့တာဖြစ်ပါတယ်။

ထိုအခါ ဘရိတ်နှင့်လီဗာကို မှားနင်းမိခဲ့ရာမှ ဆိုင်ကယ်များစွာရပ်ထားသည့်နေရာသို့ ရောက်သွားကာ အကုန်တိုက်မိခဲ့တော့တာဖြစ်ပါတယ်။အိမ်မရောင်ခင်လေးမှာဘဲ ဆိုင်ကယ်များစွာအတွက် လျှော်ကြေးငွေပေးဆောင်ရတော့မှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment