တစ်စုံတစ်ဦး၏ ပျော်ရွင်ခြင်းသည် အနေနီးသူများနှင့် မြင်တွေ့ရသူများကိုပင် အပျော်တွေကူးစက်စေခဲ့တာဖြစ်တာဖြစ်ပါတယ်။စင်္ကါပူနိုင်ငံမှ Denise Alexisဆိုသည့် လူငယ်လေးဟာ မင်္ဂလာပွဲအတွက် အမှတ်တရရိုက်ကူးထားသည့် ပုံရိပ်လေးတွေကို အွန်လိုင်းပေါ်သို့ချပြလာခဲ့ပါတယ်။
Orchardလမ်းမကြီး၏ ညနေဆည်းဆာအချိန်လေးတွင် ကားများစွာသွားလာနေသည့်ကြားမှ အမှတ်တရဓာတ်ပုံလေးတွေကို ကြည်နူးဖွယ်ကောင်းအောင် ရိုက်ကူးနိုင်ခဲ့ကြပါတယ်။
ရိုက်ကူးထားသည့် ဓာတ်ပုံလေးတွေဟာ အချစ်၏ပျော်ရွင်ခြင်းကို များစွာထင်ဟပ်စေခဲ့ပြီး သတိုးသမီးကို သတိုးသားက လက်တစ်ဖက်တည်းဖြင့် လေပေါ်မြှောက်ကာ စတန့်ပြရိုက်ကူးခဲ့သည့်ပုံတွေဟာ လူတိုင်းကို အားကျစေခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
ကားတွေပြည်နှက်နေသည့်လမ်းမကြီးပေါ်မှာ သတိုးသမီးလေးကို လက်တစ်ဖက်တည်းဖြင့် လေပေါ်မြှောက်ထားပြီး မင်္ဂလာဆောင်ဓာတ်ပုံရိုက်ခဲ့သည့် စုံတွဲတို့၏ကြည်နူးဖွယ်ရာအခိုက်အတန့်လေး
Shoon (Cele Daily)