ကျေးဇူးမသိတတ်သော သားမိုက်သမီးမိုက်တို့က စွန့်ပစ်ထားသော ဖိုးဖိုးဖွားဖွားတို့၏ဘဝကို စာနာသနားမိတာကြောင့် နေအိမ်တွင်ခေါ်ယူထားပြီး ပြုစုစောင့်ရှောက်ပေးနေခဲ့သည့် လေးစားဖွယ်ရာအမျိုးသား

အသက်အရွယ်ကြီးရင့်နေသော ဘိုးဘွားမိဘတို့သည် လမ်းလျှောက်ရန်ပင် ခွန်အားမရှိတော့သည့် အချိန်မျိုးတွင် သားသမီးတို့၏ ပြုစုစောင့်ရှောက်ခြင်းကို ခံယူရန်လိုအပ်လာပြီဖြစ်ပါတယ်။

အချို့သော သားမိုက်သမီးမိုက်တို့သည့် မိဘတို့၏ကျေးဇူးကို မသိတတ်သောအခါ ကျွေးမွေးပြုစုရမည်ကို ကြောက်လန့်နေပြီး အိုမင်းမစွမ်းတော့သည့်မိဘတို့ကို လောက၏ရွံ့စရာတစ်ခုဖြစ်သည့် စွန့်ပစ်ဖို့ကို ကြံစည်လာတတ်ကြပါတယ်။

ဗီယက်နမ်နိုင်ငံ Can Tho မြို့ Ngon Duc Thangဆိုသည့်အမျိုးသားသည် စွန့်ပစ်ခံထားရသော ဖိုးဖိုးဖွားဖွားတို့၏ ဒုက္ခရောက်နေရပုံတွေကို မြင်တွေ့ပြီး စာနာသနားမိခဲ့ပါတယ်။ထို့ကြောင့် ဆွေမျိုးတော်စပ်ခြင်းမရှိသော်လည်း စွန့်ပစ်ခံထားရသော ဖိုးဖွားများစွာကို နေအိမ်ခေါ်ပြီး ပြုစုလုပ်ကျွေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment