ပလပ်စတစ်အိတ်များစွာဖြင့် ကိုယ်တိုင် ဖန်တီးထားသော ဂါဝန်ဝတ်စုံကို ဝတ်ဆင်ပြီး စူပါမားကတ်ကုန်တိုက်ကြီးတွင် လူအများက ငေးမောရလောက်အောင် ပြသနိုင်ခဲ့သည့် ကောင်မလေး

တစ်ခါတစ်ရံ၌ အလည်အပတ်ထွက်သည့် အချိန်မျိုးတွင် မိမိနှင့်အဝတ်အစားချင်းဆင်တူနေသည့် တစ်စုံတစ်ယောက်နှင့်တွေ့ဆုံရလျှင် စိတ်အဆင်မပြေဘဲ အပြစ်တစ်ခုခုလုပ်ထားသလိုခံစားနေရတတ်ပါတယ်။

ယခုတွင်လည်း စင်္ကါပူနိုင်ငံမှ အမျိုးသမီးလေးတစ်ဦးဟာ အပြင်သွားစဉ်က ဝတ်စုံတူနေသော အခြားသူတစ်ယောက်နှင့်ဆုံတွေ့ခဲ့ရတာကြောင့် ဘယ်သူနှင့်မှမတူသည့်ဖက်ရှင်မျိုးကို ကိုယ်တိုင်ဖန်တီးရန် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့်လည်း ပလက်စတစ်အိတ်များဖြင့် ဂါဝန်ဝမ်းဆက်လေးကို ဖန်တီးနိုင်ရန်အတွက် ကိုယ်တိုင်ကြိုးစားပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။စူပါမားကတ်မှ ပစ္စည်းထည့်ပေးသော ပလပ်စတစ်အိတ်များဖြင့် ဂါဝန်လေးကို ဖန်တီးနိုင်ခဲ့ပြီး ကိုယ်တိုင်ဝတ်ဆင်ကာ စူပါမားကတ်ကြီးထဲတွင် လူအများကလိုက်ငေးစေခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment