မျက်စိမမြင်ရသော်လည်း သူများကိုအားကိုးနေခြင်းမရှိဘဲ ကိုယ်တိုင်လမ်းပေါ်ထွက်ကာ နှင်းဆီပန်းလေးတွေ လိုက်ရောင်းနေခဲ့သည့် အသက်၂၃နှစ်အရွယ် လူငယ်လေး

စာဖတ်သူတို့အနေဖြင့် တစ်ခါတစ်ရံတွင် အလုပ်အဆင်မပြေသည့်အချိန်မျိုးကို ကြုံ့တွေ့လာရသောအခါ စိတ်ဓာတ်ကျပြီး ဘဝကိုအရှုံးပေးချင်စိတ်တွေဖြစ်ပေါ်လာဖူးပေလိမ့်မည်။ထိုသို့စိတ်ဓာတ်ကျဆင်းနေချိန်တွင် မိမိထက်ခက်ခဲသောဘဝမျိုးကို ကြုံတွေ့နေသူများလည်း ရှိနေတယ်ဆိုတာကို သတိရသင့်ပါတယ်။

Toeyဆိုသည့် လူငယ်လေးဟာ အသက်၁၈နှစ်အရွယ်တည်းက အမြင်အာရုံတွေချို့ယွင်းသွားသည့် အပြင် မိဘနှစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရတာလို့ သိရပါတယ်။ထိုသို့ဆိုးရွားလှသောဘဝအခြေအနေမျိုးကို ရောက်ရှိသွားခဲ့သော်လည်း ဘဝကိုအရှုံးမပေးခဲ့ဘဲ နှင်းဆီပန်းလေးတွေရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ်။

မျက်စိမမြင်ရသော်လည်း လမ်းတွေလျှောက်သွားရင်း နှင်းဆီးပန်းရောင်းနေရသော လူငယ်လေး၏ဘဝဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ လူတိုင်းနားလည်ပေလိမ့်မည်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment