သူများဆီက ခိုးလာခဲ့သော ပိုက်ဆံထုတ်ကို ကိုယ်တိုင်ရှာထားတဲ့ ပိုက်ဆံတွေဆိုပြီး liveလွှင့်ကာ ထုတ်ကြွားခဲ့သည့် ၂၉နှစ်အရွယ်အမျိုးသား

ခိုးယူခြင်းဆိုသောအရာသည် လောကတွင် မကောင်းသောအလုပ်တစ်ခုဖြစ်ပြီး ခိုးယူသူတွေကို ကြီးလေးသော ပြစ်ဒဏ်များချမှတ်သင့်နေပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံ ဘန်စွမ်ခရိုင်တွင် အမျိုးသားတစ်ဦးဟာ နေအိမ်တစ်လုံးထံမှ ပိုက်ဆံအိတ်ကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။

နောက်တစ်ရက်ညနေတွင် အမျိုးသားဟာ တစ်နေကုန်ပင်ပင်ပန်းရှာဖွေထားသည့် ပိုက်ဆံတွေကို ပြမည်ဟုဆိုကာ liveလွှင့်ပြီး ခိုးလာသည့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတွေကို ထုတ်ကြွားခဲ့တာဖြစ်ပါတယ်။

ထိုအပြုအမူကြောင့်ပင် ရဲများက ပိုက်ဆံအိတ်ထုတ်ကို မှတ်မိခဲ့ပြီး ညနေ၅နာရီခွဲအချိန်တွင် နေအိမ်အထိသွားရောက်ဖမ်းဆီးခဲ့ပါတယ်။ခိုးယူသွားသည့်အမျိုးသားဟာ ဆူရင်မြို့တွင်နေထိုင်ပြီး အသက်၂၉နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment