မင်္ဂလာဆောင်တွင် အပျော်လွန်ပြီး သူငယ်ချင်းများနှင့်ကခုန်ရာမှ ချော်လဲပြီးလက်ကျိုးသွားခဲ့လို့ မင်္ဂလာဦးညကို ဆေးရုံမှာသွားအိပ်လိုက်ရသည့်အမျိုးသား

မင်္ဂလာဆောင်ခြင်းသည် ဘဝ၏အမြင့်မြတ်ဆုံးနှင့် အရေးကြီးဆုံးသော နေ့လေးတစ်နေ့ဖြစ်ပါတယ်။မင်္ဂလာယူမည့်နေရက်လေးတွင် အခက်အခဲတွေမရှိစေရန်အတွက် သတိုးသားနှင့်သတိုးသမီးကို ဘာမှမလုပ်စေဘဲ ဆွေမျိုးမိတ်ဆွေများကသာ ပွဲအတွက် စီစဥ်ဆောင်ရွက်ကြပါတယ်။

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၌ Adam Quinnဆိုသည့်သတိုးသားနှင့် သတိုးသမီးလေး Helenတို့ဟာ မင်္ဂလာပွဲကို ပျော်ရွင်စွာကျင်းပခဲ့ကြပါတယ်။ထို့နောက် သူငယ်ချင်းများအတူ ကခုန်ပျော်ပါးနေရင်းမှ သတိုးသားဟာ ကြမ်းပြင်ပေါ်သို့ ချော်လဲကျသွားပြီး လက်ကျိုးသွားခဲ့ပါတော့တယ်။

ဆိုးဆိုးရွားရွားထိခိုက်မိသွားခဲ့သည့်အတွက် သတိုးသားကို ဆေးရုံသို့ အရေးပေါ်ခေါ်ဆောင်သွားခဲ့ရပြီး ကုသမှုခံယူခဲ့ရပါတယ်။သတိုးသားလေးကတော့ မင်္ဂလာဦးညမှ မပြုံးနိုင်ဘဲ ဝေဒနာလေးဖြင့်သာ ဖြတ်သန်းသွားခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment