လူတစ်ဦးတစ်ယောက်သည် အလွန်အရသာရှိသော အစားအစာကို စားနေရသည့်အချိန်မှာ သူ၏အချစ်ရဆုံးသော လူကို သတိရမိနေတတ်သည်ဟု ပြောဆိုကြပါတယ်။ယခုတွင်လည်း ဖခင်တစ်ဦးသည် မင်္ဂလာပွဲတစ်ခုသို့ သွားရောက်ဂုဏ်ပြုရင်း မင်္ဂလာပွဲမှ ကျွေးမွေးသော ဟင်းပွဲတွေထဲမှ ကျောက်ပုဇွန်တွေကို သမီးလေးအား စားစေချင်ခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် ဘေးလူတွေကဲ့ရဲ့ကြမည်ကိုပင် ဂရုမစိုက်ဘဲ အိတ်လေးတစ်လုံးထဲကို ကျောက်ပုဇွန်တွေခိုးထည့်ပြီး အရမ်းချစ်ရသည့် သမီးလေးအတွက် ယူပြန်လာခဲ့တာဖြစ်ပါတယ်။
လူကြားထဲမှာ အများနှင့်ရှိနေရချိန်မှာပင် ဝေဖန်ကဲ့ရဲ့တတ်ကြသော မျက်လုံးတွေကို ဂရုမစိုက်ဘဲ အရမ်းချစ်ရသည့် သမီးလေးအတွက် ယူဆောင်ပေးရဲသော သတ္တိတွေဟာ ဖခင်တစ်ယောက်၏ကြီးမားသောမေတ္တာကြောင့်သာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
မင်္ဂလာဆောင်မှကျွေးမွေးသည့် ကျောက်ပုဇွန်လေးတွေကို အိမ်ကသမီးလေးကိုစားစေချင်တာကြောင့်အိတ်ထဲထည့်ပြီး ခိုးယူသယ်ပြန်လာသည့် ဖခင်၏မေတ္တာ
Shoon (Cele Daily)