အသက်၁၁နှစ်အရွယ်သာရှိသေးသော်လည်း မိဘတို့၏စားသောက်ဆိုင်တွင် ကိုယ်တိုင်စားဖိုမှူးဝင်လုပ်ကာ မှာယူလာသော ဟင်းပွဲတွေအကုန်လုံးကို တစ်နေကုန်မမောမပန်းဘဲ ချက်ပေးနေခဲ့သည့် ကလေးငယ်

ယခုအကြောင်းအရာတွင် ကလေးကို ပညာသင်ကြားစေခြင်းမရှိသောကြောင့် မိဘများကို ဝေဖန်ပြစ်တင်မှုတွေရှိသကဲ့သို့ လိမ္မာသိတတ်သော သားဖြစ်သူကို ချီးမွမ်းသူများလည်းရှိနေခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် ၁၁နှစ်အရွယ်သာရှိသေးသည့် ကောင်လေးဟာ မိဘတို့ဖွင့်ထားသော စားသောက်ဆိုင်လေးတွင် ကိုယ်တိုင်ချက်ပြုတ်ပေးနေခဲ့တာဖြစ်ပါတယ်။မနက်၈နာရီ ဆိုင်ဖွင့်ချိန်မှစကာ များပြားလှသော ဧည့်သည်စားသုံးသူတွေကြောင့် တစ်နေကုန်ပြင်ဆင်ပေးနေရပြီး တစ်ခါတစ်ရံတွင် ညအချိန်ထိ ရောင်းချနေရတာဟု သိရပါတယ်။

ထို့ကြောင့် ၁၁နှစ်အရွယ်ကောင်လေးဟာ မိဘတို့ကို အလုပ်ကူလုပ်ပေးချင်တာကြောင့် ကျောင်းမတတ်တော့ဘဲ စားဖိုမှူးအနေဖြင့် ကိုယ်တိုင်ချက်ပြုတ်ပေးနေခဲ့ပြီး ဆိုင်လေးဟာလည်း နာမည်ပို​ရလာခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment