အမွှာညီအမနှစ်ယောက်ကို တစ်ပြိုင်တည်းလက်ထပ်ယူခဲ့ပြီး မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာဖြင့် ကျင်းပခဲ့ရာမှ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးခြင်းကို ခံလိုက်ရသည့် သတိုးသား၏အဖြစ်

အိန္ဒိယနိုင်ငံတွငိ အမျိုးသားတစ်ဦးဟာ အမွှာညီမနှစ်ယောက်လုံးကို တစ်ပြိုင်တည်း လက်ထပ်ယူခဲ့ပြီး မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာကြောင့် လူတိုင်းကသတိထားမိခဲ့ကြပါတယ်။

ထို့အခါ ရဲတပ်ဖွဲ့ကလည်း မင်္ဂလာပွဲအကြောင်းကို သတင်းရသွားခဲ့ပြီး အန္ဒိယနိုင်ငံ၏ ဥပဒေပုဒ်မ ၄၉၄အရ အိမ်ထောင်ဖက်အသက်ရှင်ချိန် နောက်အိမ်ထောင်ပြုခြင်းဖြင့် အပြစ်ကျူးလွန်နိုင်တာကြောင့် သတိုးသားက စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။

ထိုအခါ သတိုးသမီးတွေဖြစ်ကြတဲ့ Rinki နှင့် Pinki Padgaonkar တို့ညီအမနှစ်ဦးဟာလည်း သတိုးသားကို သဘောတူကြည်ဖြူစွာဖြင့် လက်ထပ်ခြင်းဖြစ်ကြောင်းကို တရားရုံမှာဖြေရှင်းချက်ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

Shoon (Cele Daily)

Zawgyi

အမႊာညီအမႏွစ္ေယာက္ကို တစ္ၿပိဳင္တည္းလက္ထပ္ယူခဲ့ၿပီး မဂၤလာပြဲကို ႀကီးက်ယ္ခမ္းနားစြာျဖင့္ က်င္းပခဲ့ရာမွ ရဲတပ္ဖြဲ႕၏ စုံစမ္းစစ္ေဆးျခင္းကို ခံလိုက္ရသည့္ သတိုးသား၏အျဖစ္

အိႏၵိယႏိုင္ငံတြငိ အမ်ိဳးသားတစ္ဦးဟာ အမႊာညီမႏွစ္ေယာက္လုံးကို တစ္ၿပိဳင္တည္း လက္ထပ္ယူခဲ့ၿပီး မဂၤလာပြဲကို ႀကီးက်ယ္ခမ္းနားစြာက်င္းပခဲ့တာေၾကာင့္ လူတိုင္းကသတိထားမိခဲ့ၾကပါတယ္။

ထို႔အခါ ရဲတပ္ဖြဲ႕ကလည္း မဂၤလာပြဲအေၾကာင္းကို သတင္းရသြားခဲ့ၿပီး အႏၵိယႏိုင္ငံ၏ ဥပေဒပုဒ္မ ၄၉၄အရ အိမ္ေထာင္ဖက္အသက္ရွင္ခ်ိန္ ေနာက္အိမ္ေထာင္ျပဳျခင္းျဖင့္ အျပစ္က်ဴးလြန္ႏိုင္တာေၾကာင့္ သတိုးသားက စုံစမ္းစစ္ေဆးျခင္းကို ခံခဲ့ရပါတယ္။

ထိုအခါ သတိုးသမီးေတြျဖစ္ၾကတဲ့ Rinki ႏွင့္ Pinki Padgaonkar တို႔ညီအမႏွစ္ဦးဟာလည္း သတိုးသားကို သေဘာတူၾကည္ျဖဴစြာျဖင့္ လက္ထပ္ျခင္းျဖစ္ေၾကာင္းကို တရား႐ုံမွာေျဖရွင္းခ်က္ေပးခဲ့ရေသးတယ္လို႔ သိရပါတယ္။

Shoon (Cele Daily)

  • Leave a Comment