လောကတွင် ငွေကြေးချမ်းသားမှုရှိသောလူများသည် လူအများ၏အလေးပေးဆက်ဆံဖြင်းကို ခံနေကြရတာဖြစ်ပါတယ်။ငွေကြေးမရှိသူများအတွက်တော့ စကားပြောမည့်လူမရှိရအောင်ပင် အားငယ်နေရတတ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ အဖိုးအိုတစ်ဦးသည် နေစရာအိမ်တစ်လုံးပင်မရှိသည့်အပြင် စကားမပြောတတ်သူတစ်ယောက်ဖြစ်ပါတယ်။ဘဝအခြေအနေဟာ ဆိုးရွားလွန်းတာကြောင့် လူအများကြားတွင် အားငယ်နေရသော်လည်း သူ၏အချစ်ရဆုံးသော ခွေးကလေးနှင့်အတူ ဘဝကိုကြိုးစားနေခဲ့ခြင်းဖြစ်ပါတယ်။
စက်ဘီးတစ်စီးဖြင့် ထီလက်မှတ်လေးတွေကို လိုက်လံရောင်းချနေခဲ့ပြီး ခွေးကလေးနှင့်အတူတူ မခွဲဘဲ ဘဝ၏အခက်အခဲတွေကို ရင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။အဖိုးအိုကလည်း အရမ်းချစ်ရတဲ့ခွေးကလေးကိုမှအရိပ်တကြည့်ကြည့်ဖြင့်မျက်စိအောက်ကပင် အပျောက်မခံနိုင်အောင် ချစ်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
စကားမပြောတတ်ပေမယ့် သူအရမ်းချစ်ရသည့် ခွေးကလေးနှင့်အတူ ထီလက်မှတ်လေးတွေရောင်းချပြီး ဘဝကိုပျော်ရွင်စွာဖြတ်သန်းနေခဲ့သည့် အိမ်ခြေမဲ့အဖိုးအို
Shoon (Cele Daily)