အသက်၇၀အထိရှိနေပြီဖြစ်သော်လည်း ညအချိန်ထိ ဆိုင်ကယ်တက္ကစီဆွဲနေရပြီး ခရီးသည်တစ်ဦးမှ အိမ်က ကလေးတွေအတွက် မုန့်ဝယ်ပေးသောအခါ အလွန်ပျော်ရွင်သွားခဲ့သည့်အဖိုးအို

အသက်အရွယ်ကြီးလာသည်နှင့်အမျှ အလုပ်အကိုင်များကို လုပ်ကိုင်နေရသောအခါ ကျန်းမာရေးအတွက် တစ်ခုခုဖြစ်မှာကို စိုးရိမ်နေရတတ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် အသက်၇၀အရွယ်ရှိနေပြီဖြစ်သော အဖိုးအိုသည် ညအချိန်ထိပင် အိမ်မပြန်နိုင်သေးဘဲ ဆိုင်ကယ်တက္ကစီဆွဲနေရသေးတာဖြစ်ပါတယ်။

ထို့ကြောင့် ဆိုင်ကယ်ငှားစီးသည့်ကောင်မလေးက အဖိုး၏ဘဝအခြေအနေကို မေးမြန်းခဲ့ရာမှ အဖိုး၏ဇနီးဟာ ကပ်ဆိုးရောဂါကြောင့် ဆုံးပါးသွားခဲ့ရပြီး သားသမီးတွေကို တစ်ယောက်တည်းရှာဖွေကျွေးမွေးနေရကြောင်းသိခဲ့ရပါတယ်။

ခရီးသည်ကောင်မလေးက မုန့်အချို့ကိုဝယ်ယူပြီး လက်ဆောင်ပေးခဲ့သောအခါမှာလည်း အိမ်က ကလေးတွေအတွက် စားစရာလေးရရှိခဲ့ပြီဟုဆိုကာ အတိုင်းမသိပျော်ရွင်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

အသက္၇၀အထိရွိေနၿပီျဖစ္ေသာ္လည္း ညအခ်ိန္ထိ ဆိုင္ကယ္တကၠစီဆြဲေနရၿပီး ခရီးသည္တစ္ဦးမွ အိမ္က ကေလးေတြအတြက္ မုန္႔ဝယ္ေပးေသာအခါ အလြန္ေပ်ာ္႐ြင္သြားခဲ့သည့္အဖိုးအို

အသက္အ႐ြယ္ႀကီးလာသည္ႏွင့္အမွ် အလုပ္အကိုင္မ်ားကို လုပ္ကိုင္ေနရေသာအခါ က်န္းမာေရးအတြက္ တစ္ခုခုျဖစ္မွာကို စိုးရိမ္ေနရတတ္ပါတယ္။ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕တြင္ အသက္၇၀အ႐ြယ္ရွိေနၿပီျဖစ္ေသာ အဖိုးအိုသည္ ညအခ်ိန္ထိပင္ အိမ္မျပန္ႏိုင္ေသးဘဲ ဆိုင္ကယ္တကၠစီဆြဲေနရေသးတာျဖစ္ပါတယ္။

ထို႔ေၾကာင့္ ဆိုင္ကယ္ငွားစီးသည့္ေကာင္မေလးက အဖိုး၏ဘဝအေျခအေနကို ေမးျမန္းခဲ့ရာမွ အဖိုး၏ဇနီးဟာ ကပ္ဆိုးေရာဂါေၾကာင့္ ဆုံးပါးသြားခဲ့ရၿပီး သားသမီးေတြကို တစ္ေယာက္တည္းရွာေဖြေကြၽးေမြးေနရေၾကာင္းသိခဲ့ရပါတယ္။

ခရီးသည္ေကာင္မေလးက မုန္႔အခ်ိဳ႕ကိုဝယ္ယူၿပီး လက္ေဆာင္ေပးခဲ့ေသာအခါမွာလည္း အိမ္က ကေလးေတြအတြက္ စားစရာေလးရရွိခဲ့ၿပီဟုဆိုကာ အတိုင္းမသိေပ်ာ္႐ြင္ေနခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment