hello kittyကိုမှ အရူးအမူးစွဲလမ်းနေသည့် ဇနီးသည်ကြောင့် နေအိမ်အသုံးအဆောင်တွေအားလုံးကို hello kittyပုံပြောင်းထားခဲ့ပြီး ထမင်းစားရာတွင်လည်း hello kittyပုံပါသည့် အပန်းရောင်ပန်ကန်နဲ့ စားနေရသည့်အမျိုးသား

အချို့သောလူတို့၏စိတ်နေစိတ်ထားကို သူတို့ကြိုက်နှစ်သက်သည့် အရောင်တွေကို ကြည့်ရှုပြီး ခွဲခြားနိုင်တာဖြစ်ပါတယ်။အများအားဖြင့်တော့ မိန်းကလေးတွေဟာ အရောင်ဖျော့ဖျော့လေးကိုသာ နှစ်သက်ကြပြီး ယောကျာ်းလေးများအတွက်တော့ အရောင်ဖျော့ဖျော့လေးတွေနဲ့ လုံးဝလိုက်ဖက်မှုမရှိဘဲ အတော်လေးကြည့်ရဆိုးနေတတ်ပါတယ်။

ယခုအခါမှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသားကတော့ နေအိမ်၏နံရံပါမကျန် အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းများအားလုံးကို Hello Kittyပုံတွေအဖြစ်ပြောင်းလဲခဲ့ရပါတယ်။

အကြောင်းကတော့ ဇနီးဖြစ်သူဟာ Hello Kittyကို အလွန်ကြိုက်နှစ်သက်တာကြောင့် နေအိမ်၏ပန်းကန်နှင့်ဇွန်းတွေပါမကျန်အောင် Hello kittyပုံလေးတွေနှင့် အသုံးပြုနေရတော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment