ကလေးအမေဖြစ်နေသော်လည်း ပျော်ချင်ပါးချင်စိတ်ကမကုန်သေးဘဲ သားဖြစ်သူကို ဘားအထိခေါ်လာပြီး ကလေးကိုချော့သိပ်ရင်း ကဲနေခဲ့သည့် အံ့သြဖွယ်ရာမိခင်တစ်ဦး

အသက်ငယ်ရွယ်သေးသည့်အချိန်တွင် အပျော်အပါးမက်ပြီး နေရာစုံသွားလည်ခြင်းဟာ နားလည်ခွင့်လွတ်ပေးနိုင်သော်လည်း အိမ်ထောင်ကျကာ သားသမီးများမွေးဖွားပြီးချိန်တွင်တော့ တည်ငြိမ်သင့်ပြီဟု ထင်မှတ်မိပါတယ်။

တရုတ်နိုင်ငံမှ မိခင်တစ်ဦးကတော့ ဆူညံ့လှသော ဘားတစ်ခုသို့ သားဖြစ်သူကိုပါ အံ့သြဖွယ်ရာ ခေါ်ဆောင်လာခဲ့ကာ ပျော်ပါးရန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အများ၏ပြောဆိုပုံအရ ကလေးဟာ ဆူညံ့လှသည့်အသံတွေကြောင့် အဆက်မပြတ်ငိုကြွေးနေခဲ့ပြီး မောပန်းလာချိန်တွင် အိပ်ပျော်သွားခဲ့တာဟုသိရပါတယ်။

မိခင်ဖြစ်သူ၏ သားလေးနှင့်အဖြစ်ကို မြင်တွေ့သူများက ပျော်ပါးသောနေရာသို့ အရွယ်မရောက်သေးသော ကလေးကို ခေါ်ဆောင်လာပြီး ပျော်ပါးခြင်းဟာ လုံးဝမဖြစ်သင့်ကြောင်း ဝေဖန်နေကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment