ချစ်သူစုံတွဲတို့အကြားတွက် လက်ထပ်ခွင့်တောင်းခံသည့်အချိန်သည် နှစ်ဦးသားဘဝ၏ရှေ့သို့တက်လှမ်းရန် အစပျိုးချိန်ဖြစ်ပါတယ်။ထိုအချိန်လေးတွင် လက်ထပ်ခွင့်တောင်းတာကို ကောင်မလေးက လက်ခံပေးရင်း လက်စွပ်ဝတ်ပေးသည့်အချိန်က အထူးခြားဆုံးဖြစ်ပေလိမ့်မည်။
ယခုတွင်လည်း အမျိုးသားတစ်ဦးဟာ ညမှောင်ရီပျိုးချိန်တွင် ချစ်သူကောင်မလေးကို ကဗျာဆန်စွာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။လက်ထပ်ခွင့်တောင်းခံနေတာတွေကို ဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်နိုင်ရန်ပြင်ဆင်ထားရှိခဲ့တာဖြစ်ပါတယ်။
ထို့နောက်ဗီဒီယိုပြန်ကြည့်သည့်အချိန်တွင် လက်ထပ်လက်စွပ် ဝတ်ပေးနေစဥ်မှာ ဝက်ဝံတစ်ကောင်က ကင်မရာရှေ့တည့်တည့်ကဖြတ်သွားပြီး ဘာမှမမြင်လိုက်ရတာကို ဝမ်းနည်းဖွယ် မြင်တွေ့ခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
ကဗျာဆန်စွာဖြင့် ချစ်သူကိုလက်ထပ်ခွင့်တောင်းနေတာကို ဗီဒီယိုရိုက်ထားခဲ့သော်လည်း လက်စွပ်ဝတ်ပေးနေချိန်တွင် ဝက်ဝံတစ်ကောင်က ကင်မရာရှေ့မှဖြတ်သွားလို့ ကြေကွဲနေရသည့်အမျိုးသား
Shoon (Cele Daily)