ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကိုခံစားနေရသော်လည်း သားလေး၏မင်္ဂလာပွဲသို့ လာရောက်ခဲ့ကာ ခံစားနေရသော ဝေဒနာတွေကို မေ့နေပြီး အလွန်ပျော်ရွင်နေခဲ့သည့် အသက်၇၇နှစ်အရွယ်မိခင်

မိဘတို့သည် သားသမီးတို့၏ ဘဝကို ပျော်ရွင်ချမ်းမြေ့စေနိုင်ရန်အတွက် မည့်သည့်အရာကိုမဆို ကြိုးစားလုပ်ဆောင်ပေးရန် ဆန္ဒရှိနေကြပါတယ်။ယခုတွင်လည်း အသက်၇၇နှစ်အရွယ်ရှိနေပြီဖြစ်သော မိခင်တစ်ဦးသည် ကင်ဆာရောဂါကို ခံစားနေရတာကြောင့် ဆေးရုံပေါ်တွင် ကုသမှုခံယူနေရတာဖြစ်ပါတယ်။

ရောဂါဝေဒနာက ပြင်းထန်လွန်းတာကြောင့် စကားတစ်ခွန်းပြောဖို့အတွက် အားယူနေရသော်လည်း အသက်၃၅နှစ်အရွယ် သားလေးက မင်္ဂလာဆောင်သောအခါ ပွဲလေးကို တက်ရောက်ဂုဏ်ပြုချင်ခဲ့ပါတယ်။

ထို့ကြောင့် ခံစားနေရသော ရောဂါဝေဒနာ တွေကို ဂရုမစိုက်ဘဲ မင်္ဂလာပွဲသို့ လာရောက်ပြီး ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။အသက်အန္တာရာယ်ကိုပင် ဂရုမစိုက်ဘဲ သားလေး၏မင်္ဂလာပွဲအတွက် ဂုဏ်ပြုပေးခဲ့သော မိဘ၏မေတ္တာကို စာဖွဲ့နိုင်လိမ့်မည်မဟုတ်ပေ။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment