နှစ်ယောက်သားချစ်ကြည်နူးစဥ်ကတော့ အိပ်ရေးပျက်တယ်လို့မပြောဘဲ ကလေးမွေးလို့ ထိန်းရသည့်အချိန်မှ ညမအိပ်ရတာကြောင့် အလွန်ပင်ပန်းကြောင်း ညည်းတွားနေသည့် လင်မယားနှစ်ယောက်

ထိုင်းနိုင်ငံမှ လင်မယားနှစ်ဦး၏ ကလေးရပြီးသည့်နောက်တွင် ဘယ်လောက်ပင်ပန်းနေရကြောင်း ရင်ဖွင့်လာခဲ့သည့် ပုံရိပ်လေးတွေဟာ ဆိုရှယ်မီဒီယာထက်တွင် အတော်လေးလူပြောများလာခဲ့ပါတယ်။

မိဘတို့အတွက် သားသမီးလေးရရှိလာသည့်အချိန်လေးတွင် အပင်ပန်းဆုံးသော အချိန်တစ်ခုဖြစ်ပါတယ်။ကလေးတို့သည် မွေးကင်းစအရွယ်တွင် ငိုယိုခြင်းဖြင့်သာအချိန်ကုန်နေတတ်ပြီး နေ့ညမှားနေသော ကလေးတို့သည် တစ်ညလုံးကို ငိုယိုနေတတ်တော့တော့ဖြစ်ပါတယ်။

ထိုအခါမှာတော့ နေ့ညမှားနေသော ကလေးကိုသာပိုင်ဆိုင်ရပါက မိဘတို့ဟာ တစ်ညလုံးမအိပ်ရတော့ဘဲ ပင်ပန်းမှုဒဏ်တွေကို အလူးအလဲခံရတော့တာဖြစ်ပါတယ်။ယခုအခါမှာလည်း ထိုင်းနိုင်ငံမှ လင်မယားနှစ်ဦး၏ အဖြစ်ဟာအတော်လေးကို သနားစရာကောင်းလှပြီး မြင်သူတိုင်းကတော့ ရယ်ချင်စရာဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment