အိမ်ထောင်ဖက်ရွှေးချယ်မှုသာ မှန်ကန်ခဲ့မည်ဆိုပါက ဘဝတစ်ခုလုံးကို စိတ်ချမ်းမြေ့စွာဖြင့် နေထိုင်နိုင်မှာဖြစ်ပါတယ်။မပြည့်စုံပေမယ့် ချစ်ခြင်းမေတ္တာတရားဖြင့် ပေးဆပ်အနစ်နာခံကြသော စုံတွဲတိုင်းအတွက် အခက်အခဲများတို့သည် အသေးအဖွဲကိစ္စလေးသာ ဖြစ်နေပေလိမ့်မည်။
ယခုတွင်လည်း အသက်၇၀အရွယ်အဖိုးအို၏ ဇနီးအပေါ် ချစ်ခင်ဂရုစိုက်မှုဟာ လူတိုင်းအားကျစရာဖြစ်နေခဲ့ပါတယ်။ဗီယက်နမ်အဖိုးအိုဟာ ကုန်များတင်ပြီး စီးရသော တွန်းစက်ဘီးလေးဖြင့် ပင်ပန်းစွာလုပ်ကိုင်နေရသူဖြစ်ပါတယ်။
အဖိုးဟာ ရရှိလာသည့် ပိုက်ဆံလေးဖြင့် ဇနီးဖြစ်သူကို လက်ဆောင်ပေးချင်လို့ အလှကုန်စုံဆိုင်တစ်ခုမှ နှုတ်ခမ်းနီဗူးလေးကို ဝယ်ယူခဲ့ပါတယ်။မပြည့်စုံသော ဘဝတစ်ခုမှ ဖြစ်သော်လည်း ဇနီးဖြစ်သူကို လှပအောင် ထားချင်ကြတာဟာ ယောကျာ်းလေးတိုင်း၏ စိတ်ဆန္ဒဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ပင်ပင်ပန်းပန်းဖြင့် စက်ဘီးလေးနင်းပြီး ရှာဖွေထားသော ပိုက်ဆံလေးဖြင့် ဇနီးသည်ကို လက်ဆောင်ပေးရန်အတွက် နှုတ်ခမ်းနီဗူးလေး လာဝယ်ခဲ့သည့် အဖိုးအို၏ ချစ်ခြင်းတရား
Shoon (Cele Daily)