ဧည့်လမ်းညွှန်တစ်ယောက်အနေဖြင့် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘွဲ့ရရှိပြီး ဘာသာစကားတစ်ခုကို ကျွမ်းကျင်စွာပြောဆိုနိုင်မှသာ လုပ်ကိုင်ခွင့်ရှိတာဖြစ်ပါတယ်။သို့သော်လည်း အသက်၇၇နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မစ္စXu Xiuzhenကတော့ ထူးချွန်းထက်မြက်မှုတွေကြောင့် ၃တန်းမအောင်ခဲ့သော်လည်း ခရီးသွားဧည့်သည်များကို ဘာသာစကားမျိုးစုံဖြင့် ပြောဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဖွားဟာ မိသားစု၏ဆင်းရဲမှုတွေကြောင့် ၃တန်းအရွယ်မှာဘဲ ကျောင်းထွက်ခဲ့ရကာ တရုတ်နိုင်ငံတောင်ပိုင်း Guangxiဒေသရှိ အပန်းဖြေမြို့ Yangshuoတွင် နိုင်ငံခြားခရီးသွားများထံမှ မုန့်ဖိုးငွေရရှိအောင် ကြိုးစားခဲ့ရင်း ဘာသာစကားတွေကို သင်ယူနိုင်ခဲ့ပါတယ်။
ထို့ကြောင့် တဖြည်းဖြည်းနှင့် ဘာသာစကားမျိုးစုံကို ကျွမ်းကျင်စွာပြောနိုင်လာခဲ့ပြီး ဘာသာစကား၁၁မျိုးအထိ တတ်နေခဲ့ပြီဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
အတန်းပညာ၃တန်းပင် မအောင်ခဲ့သော်လည်း ဘာသာစကား၁၁မျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်သည့် လေးစားအံ့သြဖွယ်ကောင်းသည့် အသက်၇၇နှစ်အရွယ် ဧည့်လမ်းညွှန်အဖွားအို
Shoon (Cele Daily)