လမ်းဘေး၌ သီချင်းအေးအေးလေးသီဆိုရင်းဖြင့် ထီးတွေမှာ ပန်းချီဆွဲပေးကာ ဝင်ငွေရှာရင်း ဘဝကိုပျော်ရွင်စွာဖြတ်သန်းနေသည့် အဖိုးအို

လူသားတစ်ဦးအနေဖြင့် လောကကြီးထဲတွင် မွေးဖွားလာခဲ့ပြီဆိုပါက အသက်ရှင်သန်နိုင်ရန် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရတော့မှာဖြစ်ပါတယ်။လူသားတို့သည် အသက်အရွယ်အိုမင်းလာချိန်တွင်လည်း ခွန်အားနှင့်ထိုက်တန်သော အလုပ်များကို ရွေးချယ်၍ ပင်ပန်းစွာလုပ်ကိုင်နေရဆဲဖြစ်ပါတယ်။

ယခုအခါမှာတော့ စင်္ကာပူနိုင်ငံ Tiong Bahruရှိလမ်းဘေးတွင် ထီးပေါ်၌ပန်းချီလေးတွေဆွဲပေးရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူဖြစ်ပါတယ်။အဖိုးအိုဟာ သီချင်းအေးအေးလေးတွေသီဆိုရင်း ပန်းချီဆွဲနေလေ့ရှိတတ်ပြီး လမ်းသွားသူလူအများ၏ အာရုံစိုက်မှုကို ရရှိနေသူဖြစ်ပါတယ်။

မိုက်ကရိုဖုန်းလေးကို ပါးစပ်၌တပ်ဆင်ထားပြီး ပန်းချီဆွဲကာ ဝင်ငွေရှာရင်း သီချင်းဆိုနေပုံသည် အလွန်အေးချမ်းမှုရှိလှပြီး လူတိုင်း၏အားကျစရာဖြစ်နေမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment