ယာဥ်မတော်တဆမှုကြောင့် အောက်ပိုင်းသေသွားခဲ့သော ဇနီးသည်လေးက ကွာရှင်းခွင့်တောင်းလာသော်လည်း လက်မခံဘဲ ၁၆နှစ်ကြာအောင် ပြုစုပေးနေခဲ့သည့် လေးစားဖွယ်ခင်ပွန်း

တရုတ်နိုင်ငံ Anhuiပြည်နယ် Huangshanတွင်နေထိုင်သော အကြင်လင်မယားနှစ်ဦး၏ အဖြစ်အပျက်လေးဟာ ဝမ်းနည်းဖွယ်ရာကောင်းလွန်းလှပါတယ်။ဇနီးသည်ဖြစ်သူဟာ ကားမတော်တဆဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းသေဆုံးသွားခဲ့တာကြောင့် အိပ်ရာထဲတွင်လှဲနေရတာဖြစ်ပါတယ်။

ထို့ကြောင့်ဇနီးဖြစ်သူဟာ ကိုယ်တိုင်ကအသုံးမဝင်တော့ဘူးဟု ခံစားလာရတာကြောင့် ခင်ပွန်းဖြစ်သူကို ဒုက္ခမပေးချင်တော့ဘဲ ကွာရှင်းခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။သို့သော် ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်မပေးဘဲ ဇနီးသည်လေးကို အစစအရာရာဂရုစိုက် ပြုစုလုပ်ကျွေးနေခဲ့တာဖြစ်ပါတယ်။

ဇနီးသည်လေးကို ပြုစုပေးလာခဲ့သည်မှာ ၁၆နှစ်အထိကြာမြင့်လာပြီဖြစ်သော်လည်း စွန့်ခွာသွားဖို့မတွေးဘဲ နေ့စဥ်အဖော်ပြုပေးကာ ဂရုစိုက်ပေးနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment