အားလပ်ရက်တွေမှာ မိဘတို့၏အလုပ်တွေကို ကူလုပ်ပေးရင်းမှ အသက်၁၂နှစ်အရွယ်မှာဘဲ ကျွမ်းကျင်သည့် ပန်းရံဆရာတစ်ဦးဖြစ်လာခဲ့သည့် ၆တန်းကျောင်းသားလေး

သံလျှက်ကိုင်ရသော ပန်းရံဆရာတစ်ဦးသည် အိမ်ဆောက်သည့်နေရာတွင် အရေးပါဆုံးသော လူတစ်ယောက်ဖြစ်ပါတယ်။သံလျှက်ကိုင်နိုင်သူဖြစ်ဖို့အတွက် နှစ်ချည်အောင် ကြိုးစားလုပ်ကိုင်မှသာ ကျွမ်းကျင်စွာကိုင်တတ်တာဖြစ်ပါတယ်။

သို့သော်လည်း ထိုင်းနိုင်ငံ Eua Athonကျေးရွာမှ အသက်၁၂နှစ်အရွယ် ကျောင်းသားလေးဟာ ကျွမ်းကျင်သော ပန်းရံဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။သူ၏ဖခင်ကလည်း အိမ်ဆောက်ပေးနေသည့် ပန်းရံဆရာဖြစ်တာကြောင့် ကလေးသည် ကျောင်းပိတ်ရက်တွေမှာ မိဘတို့၏အိမ်ဆောက်ပေးနေသော လုပ်ငန်းခွင်သို့လိုက်သွားပြီး အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတတ်တာဖြစ်ပါတယ်။

၃တန်းအရွယ်တည်းက အလုပ်သို့လိုက်သွားကာ ကူညီပေးခဲ့ရာမှ ၆တန်းအရွယ်သို့ရောက်လာချိန်တွင် ကျွမ်းကျင်သော ပန်းရံဆရာတစ်ဦးဖြစ်လာခဲ့ပြီဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment