လုပ်ငန်းတစ်ခုတွင် ယုံကြည်အားကိုးရပြီး သစ္စာရှိသော ဝန်ထမ်းများသာမရှိခဲ့လျှင် ပိုင်ရှင်သူဋ္ဌေးအနေဖြင့် အောင်မြင်သောလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။အချို့သူဋ္ဌေးများဆိုလျှင် ဝန်ထမ်းတွေအတွက် လှည့်ကြည့်ခြင်းမရှိဘဲ အထက်စီးမှဆက်ဆံတတ်ကြပါတယ်။
အမေရိကန်နိုင်ငံ နီဗားဒါးရှိကုမ္ပဏီတစ်ခုတွင် အမျိုးသားတစ်ဦးသည် ၂၇နှစ်ကြာသည်အထိပင် အလုပ်မပြောင်းဘဲ သစ္စာရှိစွာဖြင့် ထမ်းရွက်ခဲ့ပါတယ်။ထို့ကြောင့်သူဋ္ဌေးဖြစ်သူက လက်ဆောင်ပစ္စည်းပေးလာသဖြင့် ဝမ်းသားစွာဖြင့်ကြည့်လိုက်ချိန်မှာတော့ အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
လက်ဆောင်ပစ္စည်းတွေဟာ ကလေးမုန့်ဖိုးလောက်ပင် အဖိုးမတန်ဘဲ ဘောပင်၊ဖန်ခွက်နှင့် ရုပ်ရှင်လက်မှတ်တစ်ဆောင်အပြင် အခြားပစ္စည်းအသေးအဖွဲလေးတွေသာ ပါရှိနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ကုမ္ပဏီတွင် ၂၇နှစ်ကြာအောင် သစ္စာရှိစွာဖြင့် အလုပ်လုပ်ကိုင်ခဲ့သော်လည်း သူဋ္ဌေးဖြစ်သူက ကလေးမုန့်ဖို့လောက်ပင်မရှိသည့် ဘောပင်၊ဖန်ခွက်နှင့် ရုပ်ရှင်လက်မှတ်ကိုသာ ဆုချခဲ့သောကြောင့် စိတ်မကောင်းဖြစ်နေရသော အမျိုးသား
Shoon (Cele Daily)