မိဘတို့သည် သားသမီးလေးတွေကို ငယ်စဥ်အခါ လူလားမမြောက်စဥ်တည်းက ထမင်းမငတ်စေရန်နှင့် ဘဝရှေ့ရေးအတွက် ပညာသင်ကြားနိုင်ရန် အရာအားလုံးကိုပေးဆပ်ကြိုးစားပေးခဲ့ကြပါတယ်။
မိဘတို့၏ကျေးဇူးက စာဖွဲ့မမှီနိုင်အောင် များပြားလှသော်လည်း အချို့သားသမီးတို့သည် ကျေးဇူးဆပ်ရန်မဆိုထားနှင့် မိဘကိုပါ ဒုက္ခပေးနေခဲ့သည်။ယခုတွင်လည်း အဖိုးအိုတစ်ဦးသည် မြေးလေးနှစ်ယောက်နှင့်အတူ လမ်းဘေးတွင် တောင်းစားပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေခဲ့ရပါတယ်။
အဖိုးအို၏သမီးဖြစ်သူတွင် ကလေးနှစ်ယောက်မွေးဖွားထားသော်လည်း ကလေးကို အဖိုးထံထားခဲ့ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် အဖိုးအိုက ရှိသမျှခွန်အားလေးဖြင့် မြေးလေးထမင်းမငတ်စေဖို့ ရရာနည်းလမ်းဖြင့် ကြိုးစားနေခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
ကလေးနှစ်ယောက်ကို မွေးပြီးပစ်ထားခဲ့သည့်သမီးကြောင့် မြေး၂ယောက်ကို ထမင်းမငတ်စေဖို့ လမ်းဘေးမှာတောင်းစားပြီး ရှာကျွေးနေရသည့် သနားစရာအဖိုးအို
Shoon (Cele Daily)