ယခုအခါမှာတော့ ထိုင်းနိုင်ငံ ဘန်ဘွန်ခရိုင် Soi Sahawonတွင်နေထိုင်သော အသက်၄၈နှစ်အရွယ်Mr. Jirapongသည် အသက်၅၂နှစ်ရှိနေပြီဖြစ်သော ငယ်သူငယ်ချင်းဖြစ်သူ မစ္စတာချန်းကို ဘဏ်မှ ပိုက်ဆံချေးနိုင်ရန်အတွက် အာမခံပေးခဲ့ပါတယ်။
ထို့နောက် လေးနှစ်ကြာသည့်အချိန်မှာတော့ တရားရုံမှ စာတစ်စောင်ရောက်လာခဲ့ရာမှ သူ၏သူငယ်ချင်းက ဘဏ်ကိုပိုက်ဆံချေးထားပြီး ပြန်မဆပ်သည့်အတွက် အာမခံပေးသူကိုပါ တရားစွဲခံထားရမှန်းသိလိုက်ရပါတယ်။
ထို့ကြောင့် သူငယ်ချင်းဖြစ်သူက အကြွေးမြန်မြန်ဆပ်ရန်အတွက် တစ်ရွာလုံးသိသွားအောင် ဆိုင်းဘုတ်ထောင်ပြီး သတိပေးကြေညာခဲ့တာဖြစ်ပါတယ်။အကြွေးမဆပ်ပါက နှစ်ယောက်လုံး အချုပ်ထဲစံမြန်းရနိုင်တာကြောင့် သူငယ်ချင်းကိုရှက်ပြီးအကြွေးဆပ်အောင် ပြုလုပ်ခဲ့ပုံရပါတယ်။
Shoon (Cele Daily)
Zawgyi
ပိုက်ဆံချေးထားပြီး လေးနှစ်လောက်ကြာသည်အထိ ပြန်မဆပ်သေးဘဲ မေ့ချင်ယောင်ဆောင်နေသော သူငယ်ချင်းဖြစ်သူကို ဆိုင်းဘုတ်ထောင်ပြီး တစ်ရွာလုံးသိသွားအောင် သတိပေးခဲ့သည့်အမျိုးသား
Shoon (Cele Daily)