လက်ထပ်ယူခဲ့ပြီး လေးနှစ်အကြာမှ ဇနီးသည်၏သမီးဖြစ်သူက ကြည်ဖြူစွာဖြင့် အဖေဟုခေါ်လိုက်သော အသံလေးကို ကြားလိုက်ရတာကြောင့် ဟန်မဆောင်နိုင်တော့ဘဲ ငိုးကြွေးရင်း ဝမ်းသာပျော်ရွင်နေခဲ့သည့်အမျိုးသား

သားသမီးရှိပြီးသားဖြစ်သည့် တကိုယ်ရည် မိခင်သို့မဟုတ် ဖခင်တို့နှင့် လက်ထပ်မည်ဆိုပါက ပါရှိလာသော သားသမီးတို့၏ သဘောတူကြည်ဖြူမှုကို လက်ခံရရှိမှသာ ပျော်ရွင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ရပေလိမ့်မည်။

သားသမီးတို့အနေဖြင့်လည်း သူစိမ်းတစ်ယောက်ကို မိဘအနေဖြင့် လက်ခံပေးရန်အတွက် လွယ်ကူသောအခြေအနေတော့မဟုတ်ပေ။ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည်သမီးတစ်ယောက်ရှိသော တစ်ကိုယ်ရည်မိခင်ကို လက်ထပ်ယူခဲ့ဖြစ်ပါတယ်။

ဇနီးသည်၏သမီးက တစ်ခါမှ အဖေဟုမခေါ်ခဲ့ဘဲ လေးနှစ်ကြာသည့်အချိန်မှာတော့ သမီးဖြစ်သူက အဖေဟုခေါ်လိုက်သည့်အသံလေးကို ကြားလိုက်ရတော့တယ်။ထိုအခါ သမီး၏ခေါ်လိုက်သောအသံကြောင့် အရမ်းဝမ်းသာသွားခဲ့ပြီး မျက်ရည်ငိုကြွေးနေခဲ့တော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment