ချွေးမနှင့်သားမက်တို့ကို သားသမီးအရင်းပမာ သဘောထားချစ်ခင်ကြသော မိသားစုလေး၏ ပျော်ရွင်ချမ်းမြေ့ဖွယ်ရာ ဘဝလေးသည် လူတိုင်းအားကျစရာဖြစ်နေပေလိမ့်မည်။အချို့သော အိမ်ထောင်ရေးများတွင် ယောက္ခမနှင့် ချွေးမ၊သားမက်တို့၏ ဆက်ဆံရေးကြောင့် အမြဲစိတ်ညစ်နေရတာမျိုးကို မြင်တွေ့ဖူးခဲ့ပါတယ်။
ယခုတွင်တော့ အသက်၇၅နှစ်အရွယ်ရှိပြီဖြစ်သော ယောက္ခမသည် ကျန်းမာရေးမကောင်းသည့် သားမက်လေးကို ဝေယျာဝစ္စအကုန်လုပ်ပေးပြီး ပြုစုနေခဲ့ပါတယ်။သားမက်ဖြစ်သူဟာ ဦးနှောက်အမြှေးပါးရောင်၊ အဆုတ်တီဘီနှင့် အာသီရောင်ရောဂါတို့ကို တစ်ပြိုင်တည်းခံစားခဲ့ရတာဖြစ်ပါတယ်။
ထို့ကြောင့် အိပ်ရာထဲမှ ထိုင်ရန်ပင်မစွမ်းတော့ဘဲ ကျင်ကြီးကျင်ငယ်ကအစ ယောက္ခမက ပြုလုပ်ပေးနေခဲ့ရပါတယ်။ယောက္ခမဖြစ်သူသည် သားမက်လေးကို လိုလေသေးမရှိအောင် အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
အိပ်ယာထဲက လုံးဝမထနိုင်တော့သည့် အသက်၄၂နှစ်အရွယ် သားမက်ဖြစ်သူကို မညည်းမညူဘဲ ပြုစုလုပ်ကျွေးနေခဲ့သည့် အသက်၇၅နှစ်အရွယ်ယောက္ခမ
Shoon (Cele Daily)