သူမကို ကျောင်းဆက်တက်နိုင်ဖို့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရသည့် အကိုဖြစ်သူကို ဘွဲ့ယူပြီးချိန်တွင် လူအများရှေ့မှာဘဲ ရှိခိုးကန်တော့ခဲ့သည့် ညီမငယ်လေး

ညီမဖြစ်သူကောင်းစားစေရေးအတွက် အနစ်နာခံပေးရသော အကိုအမဖြစ်သူတို့၏ဘဝကို ငွေကြေးအဆင်မပြေသည့် မိသားစုတိုင်းက နားလည်နိုင်ကြပေလိမ့်မည်။မိသားစုး၏စားဝတ်နေရေးအတွက် မလုံလောက်တော့သည့်အချိန်တွင် အကိုဖြစ်သူတို့က အလုပ်လုပ်ကာ ဝင်ငွေရှာရပြီး ညီငယ်ညီမငယ်တွေကို ကျောင်းထားပေးရတာဖြစ်ပါတယ်။

ယခုတွင်လည်း အကိုဖြစ်သူက ကျောင်းထွက်ကာ အလုပ်လုပ်ပြီး ညီမဖြစ်သူကို ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့ပါတယ်။ထိုင်းနိုင်ငံ Nakhon Si Thammarat Rajabhatတက္ကသိုလ်တွင် ဘွဲ့ယူပြီးချိန်၌ ညီမဖြစ်သူဟာ ဘွဲ့ဝတ်စုံနှင့် ဘွဲ့လက်မှတ်ကိုအကိုအားပေးဆောင်ခဲ့ပြီး အနစ်နာခံ ကျောင်းထားပေးခဲ့သည့်အတွက် ရှိခိုးကန်တော့ခဲ့ပါတယ်။

များစွာသော ကျောင်းသားများ၏အရှေ့တွင် အကိုဖြစ်သူအား ရိုသေစွာဖြင့် ကန်တော့ခဲ့သည့် ညီမငယ်၏လုပ်ရပ်ဟာ လေးစားဖွယ်ရာကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment