ပြုစုစောင့်ရှောက်မည့်သူမရှိဘဲ လူသူဝေးရားတဲအိမ်လေးတွင် ဟင်းမပါဘဲ ထမင်းတစ်မျိုးတည်းကိုသာ ချွေတာစားသောက်နေရပြီး အသက်ရှင်ရန် ကြိုးစားနေရသည့်အဖိုးအို

ယခုအကြောင်းအရာလေးဟာ စာဖတ်သူတော်တော်များများကို စိတ်မကောင်းဖြစ်စေမည့် အကြောင်းအရာလေးဖြစ်ပါတယ်။အသက်87နှစ်ဆိုသော အသက်အရွယ်သည် အိုမင်းမစွမ်းတော့ဘဲ သွားလာရေးကအစခက်ခဲနေတတ်ပြီး ပြုစုစောင့်ရှောက်မည့်သူကိုသာအားကိုးနေရချိန်ဖြစ်ပါတယ်။

Nakhon Ratchasimaပြည်နယ်တွင် အသက်87နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ပြုစုလုပ်ကျွေးမည့်သူမရှိဘဲ စားသောက်ရေးအတွက် ဆီမပါ ဆားမပါဘဲ ထမင်းတစ်မျိုးတည်းကိုသာ နေ့စဉ်စားသောက်နေရတာဖြစ်ပါတယ်။

ကျေးရွာနှင့် ၃ကီလိုမီတာဝေးကွာသော ခြံထဲက တဲအိမ်လေးတွင် ဖြစ်သလိုနေထိုင်ရင်း တစ်ယောက်တည်းရှင်န်ရပ်တည်နေရတာဖြစ်ပါတယ်။အဖိုးအို၏အခက်အခဲကို ကြားသိပြီး သွားရောက်ကူညီခဲ့ရာတွင်လည်း ခက်ခဲစွာသွားတွေ့ခဲ့ရပြီး နေထိုင်ရသည့်အဖြစ်ကလည်း စိတ်မကောင်းဖွယ်ဖြစ်ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment