အမဖြစ်သူကို နို့လက်ဖက်ရည်ဝယ်တိုက်နိုင်ရန်အတွက် ပိုက်ဆံလောက်မလောက်သိစေရန် မုန့်ဖိုးရထားသည့် အကြွေလေးတွေကို သေချာစွာရေတွက်နေသည့် ပထမတန်းကျောင်းသားလေး

မိသားစုတွေထဲမှာ ညီအကိုမောင်နှမတွေသည် ရန်ဖြစ်စကားများပြီး အမြဲတမ်းမတည့်ကြသော်လည်း တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာသည် ကြည်နူးဖွယ်ရာ ကောင်းလှတာဖြစ်ပါတယ်။

ယခုတွင်လည်း ကော်ဖီဆိုင်ရှေ့က ထိုင်ခုံလေးမှာ ပိုက်ဆံရေတွက်နေသော ပထမတန်းကျောင်းသားအရွယ်ကလေးငယ်၏ အပြုအမူသည် အမဖြစ်သူအတွက် အလွန်အချစ်ပိုစေခဲ့ရပါတယ်။သူဟာကော်ဖီဝယ်သောက်ရာတွင် အမကိုလည်း နို့လက်ဖက်ရည်တစ်ခွက် ဝယ်တိုက်ချင်ခဲ့ပါတယ်။

ထို့ကြောင့် ထိုင်ခုံလေးတွင် သေချာစွာထိုင်ပြီး မုန့်ဖို့ရထားသည့် အကြွေတွေကို ကော်ဖီနှစ်ခွက်ဖိုးပြည့်မပြည့်သိစေရန် ရေတွက်နေခဲ့ပါတယ်။ပိုက်ဆံပြည့်သည့်အခါမှာတော့ ကော်ဖီနှစ်ခွက်ဝယ်ပြီး ပျော်ရွင်စွာဖြင့် ပြေးထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment