နှစ်ပေါင်းများစွာပေါင်းသင်းလာခဲ့သော ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းနိုင်ခဲ့တာကြောင့် သူငယ်ချင်းတွေနှင့် ပါတီပွဲလေးကျင်းပပြီး အောင်ပွဲခံခဲ့သည့်အမျိုးသမီး

အများအားဖြင့်တော့ လူတစ်ယောက်သည် အိမ်ထောင်ရေးအဆင်မပြေတော့လို ကွာရှင်းရတာမျိုးဖြစ်လာခဲ့လျှင် စိတ်ပင်ပန်းပြီး ပူဆွေးသောကရောက်နေကြရစမြဲပင်ဖြစ်ပါတယ်။သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးကတော့ ခင်ပွန်းနှင့်ကွာရှင်းခွင့်ရခဲ့တာကို ဝမ်းနည်းခြင်းလုံးဝမရှိဘဲ ပျော်ရွင်စွာဖြင့် ပါတီပွဲပင်ကျင်းပခဲ့ပါတယ်။

အိမ်ထောင်ရေးတွင် မည်သို့အဆင်မပြေခဲ့သည်ကို သိရှိခွင့်မရခဲ့သော်လည်း ကွာရှင်းပြီးချိန်မှာတော့ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ ပါတီပွဲကျင်းပပြီး အောင်ပွဲခံနေသေးတာဖြစ်ပါတယ်။

ပါတီပွဲတွင်လည်း ထီဆုကြီးဆွတ်ခူးရရှိသလိုပင် ကိတ်ခွဲရင်း အတိုင်းမသိပျော်ရွင်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment