ကျန်းမာရေးမကောင်းသည့် ဇနီးသည်လေးကို အိမ်ရောင်းပြီး ဆေးကုပေးခဲ့သော်လည်း အသက်ကိုဆုံးရှုံးလိုက်ရသောအခါ နေစရာအိမ်မရှိတော့ဘဲ လမ်းဘေးတွင် နေထိုင်နေရသည့် ကထိကဆရာကြီး

လမ်းဘေးတွင် နေထိုင်နေရသော အမျိုးသားတစ်ဦးကို လူတွေက သတိထားမိလာတာကြောင့် ကူညီပေးရန် ဘဝအကြောင်းကို စုံးစမ်းကြည့်လိုက်ရာမှာတော့ ကထိကဆရာကြီးတစ်ဦးမှန်းသိလိုက်ရပါတယ်။

ဆရာကြီးဟာ ဇနီးသည်လေး၏ရောဂါကို ကုသပေးနိုင်ရန်အတွက် အိမ်ကိုပင်ရောင်းချပြီး ဆေးကုခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အသက်ဆုံးရှုံးလိုက်ရပါတယ်။ထို့နောက် ဆရာကြီးသည် ဇနီးသည်ကလည်းမရှိတော့သည့်အပြင် နေစရာအိမ်လည်းမရှိတော့တာကြောင့် လမ်းဘေးသို့ရောက်လာခဲ့ရပါတယ်။

သားသမီးနှစ်ဦးရှိသော်လည်း သူတို့ဟာ ကိုယ်ပိုင်မိသားစုတို့ရှိနေပြီဖြစ်တာကြောင့် ဒုက္ခမပေးလိုသည့်အတွက် နေစရာမရှိတာကို အသိမပေးခဲ့ဘဲ လမ်းဘေးတွင်သာ တစ်ယောက်တည်း နေထိုင်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment